ကံဆိုတာ ကောင်းတဲ့အလုပ်ကို လုပ်ခြင်းလို့ သတ်မှတ်ကြပါတယ်။

ပရိသတ်တွေက နေတိုးကို”အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ဆုကို မှန်းပေးနေကြတာတွေ့ရပါတယ်။ အဲဒီ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်တွေကြား အောင်မြင်နေတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

 

Photo : အထက်တန်းစား



ပရိသတ်တွေကတော့ နေတိုးကို “အထက်တန်းစား “ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး အကယ်ဒမီ ရမယ်လို့ ခန့်မှန်းပေးကြပေမယ့် နေတိုးကတော့ ပရိသတ်တွေ ခန့်မှန်းပေးကြတဲ့ အတွက် ဝမ်းသာကြည်နူးမိတယ်လို့ ဆိုပါတယ်။

“ဇာတ်ရုပ်တိုင်းကို သဘာဝနဲ့အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားရမှာ ကျွန်တော်တို့ သရုပ်ဆောင်တွေရဲ့ တာဝန်ပေ့ါနော်။ အကယ်ဒမီ ဆိုတာကတော့ ကျွန်တော်တို့ သရုပ်ဆောင် တွေ ဆုံးဖြတ်လို့ ရတဲ့ အရာမဟုတ်တော့ ပရိသတ်တွေက ဒီလိုခန့်မှန်းပေးတယ် မျှော်လင့်ပေးတယ်ဆိုရင်ပဲ ဝမ်းသာကြည်နူးရပါတယ်။ဆက်လက်ပြီးတော့ အနုပညာအတွက် ကာရိုက်တာတွေ ပီပြင်ဖို့အတွက်ကိုပဲ ကြိုးစားသွားမှာပါ။ ကျွန်တော့်ကို တန်ဖိုးထားတဲ့ ပရိသတ်တွေကိုလည်း ကျွန်တော်အမြဲတမ်း အနုပညာတွေကို တန်ဖိုးရှိစွာ တန်ဖိုးထားပြီးတော့ပဲ အနုပညာအလုပ်တွေ ဆက်ပြီး ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်” လို့ “အထက်တန်းစား” အထူးပွဲပြသတဲ့နေ့က ပြောပြထားပါတယ်။

Photo : အထက်တန်းစား

နေတိုးဟာသူလုပ်တဲ့အလုပ်တိုင်းကို သေသေချာချာ ကြိုးစားပြင်ဆင်တတ်သူ တစ်ယောက်ဖြစ်ပါ။ အကယ်ဒမီနဲ့ လွဲတဲ့နှစ်တွေမှာ နေတိုးတစ်ယောက်ပို ပြီးစန်းတက်လာတယ်လို့ ပရိသတ်တွေက သတ်မှတ်ကြပါတယ်။ ဒါပေမယ့်လည်း နေတိုးက ကံတက်ခြင်း စန်းတက်ခြင်းတို့နဲ့ ပတ်သက်ပြီး သူခံယူထားတဲ့ ခံယူချက်လေးကို ယခုလို ပြောပြထားတာတွေ့ရပါတယ်။

“အဓိကတော့ ကိုယ့်ရဲ့ အလုပ်ပေါ်မှာ မူတည်တယ်။ ဒီအလုပ်ကို လုပ်ချင်နေသ၍ ဒီအလုပ်ကို စိတ်ဝင်စားနေသ၍ကိုယ့်ရဲ့ အလုပ်ကနေ ကိုယ့်ကို အကျိုးသက်ရောက်မှု ပြန်ဖြစ်လာမှာပဲပေ့ါ။ ကျွန်တော်တို့က ကိုယ့်အလုပ်တစ်ခုအပေါ်မှာပဲ တန်ပြန်သက်ရောက်မှုလို့ မြင်ပါတယ်။ စန်းတို့ ကံတို့ဆိုတာ အလုပ်မလုပ်နိုင်တဲ့အချိန် ကိုယ်အလုပ်ကို မကြိုးစားချင်တဲ့ အချိန်မှာ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော့်ကို အားပေးနေတယ်ဆိုတာ ကျွန်တော့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတယ်လို့ မြင်ပါတယ်။ အဲ့ဒါကို ကံကောင်းတယ်လို့ ပြောမယ်ဆို ပြောလို့ရပါတယ်။ ကံဆိုတာ ကောင်းတဲ့ အလုပ်ကို လုပ်ခြင်း ဆိုပြီးတနည်းအားဖြင့် သတ်မှတ်လို့ ရတာဆိုတော့ ကျွန်တော့်ရဲ့ အလုပ်အပေါ်မှာ ကျွန်တော်အာရုံစိုက်နေသ၍ ကျွန်တော်က ကံကောင်းနေတဲ့ သူတစ်ယောက်လို့ ပရိသတ်တွေ သတ်မှတ်ချင်ရင် သတ်မှတ်လို့ ရပါတယ်” လို့ သူက ဆိုပါတယ်။

Photo : အထက်တန်းစား

နေတိုးက “အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးဟာ သမာသမတ်ရှိတဲ့ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ ကနားစီးအောင်ဇေအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ နေတိုးဟာ သူသရုပ်ဆောင်ရဲ့ ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နိုင်ပြီး လူငယ်သရုပ်ဆောင်တွေကို လက်တွဲခေါ်ယူနိုင်ပြီး အချိတ်အဆက်မိမိသရုပ်ဆောင်နိုင်ခြင်းဟာလည်း သူ့ရဲ့ အရည်အချင်းကို ပိုပြီးပေါ်လွင်စေတာ တွေ့ရပါတယ်။ ဒါ့အပြင် ကနားစီတစ်ယောက်ရဲ့ ကာရိုက်တာကို ပီပြင်ဖို့အတွက်ကိုလည်း သေချာလေ့လာပြီး လေ့ကျင့်ထားတာတွေ့ရပါတယ်။ “အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ(၂၂) ရက်နေ့ကတည်း ရုံတင်ပြသနေတာ ဖြစ်ပြီး ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှု ရရှိနေဆဲ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က