နွေရာသီမှာ ခေါ်ယူဖို့ လမ်းပတ်ကြိုးစားနေတာပါ။

စပိန်သတင်းဌာနာ Sport က ချယ်လ်ဆီးအနေနဲ့ အငှားနဲ့ခေါ်ယူခဲ့ဖို့ သဘောတူခဲ့မယ်ဆိုရင် နောက်ရာသီမှာ ပေါင် ၅၃သန်းနဲ့ ကော်တင်ဟိုကို စျေးလျှော့ရောင်းချသွားဖို့ ဘာစီလိုနာက ပြင်ဆင်ထားကြောင်း ဖော်ပြခဲ့ပါတယ်။


ဖိလစ်ပီကော်တင်ဟိုကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာနဲ့ အချက်တစ်ချက်သဘောတူညီမှုရရှိတာနဲ့ ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ Express သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ကော်တင်ဟိုကို ချယ်လ်ဆီးနည်းပြလမ်းပတ်က အလေးအနက်စိတ်ဝင်စားနေပြီး လာမယ့်ရာသီမှာ ခေါ်ယူနိုင်ဖို့ အားထုတ်နေပါတယ်။ 

ဘာစီလိိုနာက ကော်တင်ဟိုရဲ့တန်ဖိုးကို ပေါင်သန်း ၈ဝအထိ သတ်မှတ်ထားပေမယ့် အဆိုပါပမာဏကို ပေးချေမယ့် ကလပ်အသင်းမရှိဘူးလို့ သတင်းများကဆိုခဲ့ပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်ကို ကော်တင်ဟိုပြောင်းရွှေ့သွားတဲ့ပုံစံအတိုင်း ကနဦးတစ်ရာသီကို အငှားချပြီး နောက်ရာသီမှာ အပြီးသတ်ဝယ်ယူဖို့ သဘောတူညီချက်ကို စာချုပ်ထဲထည့်သွင်းဖို့ ဘာစီလိုနာက အလိုရှိနေပါတယ်။ 

ကော်တင်ဟိုကတော့ ဘိုင်ယန်မြူးနစ်ဘက်က အပြီးသတ်မခေါ်ယူချင်တာကြောင့် နူးကမ့်ကို ပြန်လည်သွားရောက်ရမှာလည်းဖြစ်ပါတယ်။ ချယ်လ်ဆီးဘက်က ကော်တင်ဟိုကို တစ်နှစ်လုပ်ခ ပေါင် ၁၁.၅သန်းအထိ ပေးချေသွားဖို့ အသင့်ရှိနေတယ်လို့ သိရပေမယ့် ကနဦးအငှားနဲ့ ခေါ်ယူဖို့အတွက် ဘာစီလိုနာနဲ့ ညှိနှိုင်းရမှာဖြစ်ပါတယ်။ 

စပိန်သတင်းဌာနာ Sport က ချယ်လ်ဆီးအနေနဲ့ အငှားနဲ့ခေါ်ယူခဲ့ဖို့ သဘောတူခဲ့မယ်ဆိုရင် နောက်ရာသီမှာ ပေါင် ၅၃သန်းနဲ့ ကော်တင်ဟိုကို စျေးလျှော့ရောင်းချသွားဖို့ ဘာစီလိုနာက ပြင်ဆင်ထားကြောင်း ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအနေနနဲ့ ကော်တင်ဟိုကို ခေါ်ယူခဲ့စဉ်က ပေါင် ၁၄၂သန်းအထိ ပေးချေခဲ့ရတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က