ဒီ့ထက် ပိုလှချင်သေးတယ်။

မိန်းကလေးတိုင်း အားကျရတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အေးမြတ်သူက ဒီ့ထက်ပိုလှအောင်၊ ပိုကျန်းမာကြံ့ခိုင်အောင် ကြိုးစားသွားဦးမယ် လို့ ဆိုပါတယ်။ ဒီလို ခန္ဓာကိုယ်ရဖို့ ကြိုးစားခဲ့ရတဲ့ အကြောင်းတွေကိုလည်း ဆက်လက်ပြောပြထားပါတယ်။



Photo: Aye Myat Thu Facebook

 

သရုပ်ဆောင်အေးမြတ်သူရဲ့ ခန္ဓာကိုယ်အလှအပလေးကိုတော့ မိန်းကလေးပရိသတ်တိုင်းက အားကျလျှက်ရှိပါတယ်။ ဒီလို ခန္ဓာကိုယ်ဖြစ်လာ နိုင်ဖို့ ကိုလည်း သူ့အနေနဲ့ တော်တော်ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ စိတ်ကူးနေယုံနဲ့မရဘဲ လက်တွေ့လုပ်ဆောင်မှသာ ကိုယ့်ရဲ့ ရည်မှန်း ချက် တွေကို အကောင်အထည်ဖော်နိုင်ပြီး ကောင်းတဲ့ ရလဒ်တွေ ဖြစ်လာမယ်လို့လည်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင် မလုပ်နိုင်ခဲ့လို့ အသက် ၂၉ နှစ်မှာ Gym စဆော့ဖြစ်တယ်။ လူတွေက လုပ်ချင်တယ်လို့ အော်နေပြီး တကယ် တမ်းကျတော့ မလုပ်ဖြစ်ဘူး။ အဲ့ဒီတော့ ကိုယ့်အတွက် ဆိုးကျိုးတွေက ဝလာတယ် ပရိသတ်တွေရဲ့ အာရုံထဲကနေ ပျောက်ကွယ်သွားတယ်။ ဒါဟာ စိတ်ကူးနေယုံနဲ့ မရဘူး။ စိတ်ကူးက ကိုယ့်ကို ဒီလိုဖြစ်အောင် မစွမ်းဆောင်နိုင်ဘူး ကိုယ်ကိုယ်တိုင် ကြိုးစား မှပဲ ကိုယ့်ရဲ့ ရည်မှန်း ချက်တွေကို အကောင်အထည်ဖော်နိုင်ပြီး ကောင်းတဲ့ရလဒ်တွေ ရမှာ'' လို့ သူကဆိုပါတယ်။

Photo: Aye Myat Thu Facebook

 

အေးမြတ်သူရဲ့ ခန္ဓာကိုယ်လှလှလေးနဲ့ မြန်မာဝတ်စုံလေးတွေရဲ့ လိုက်ဖက်မှုကြောင့် ပရိသတ်တွေကြားမှာ တစ်ဟုန်ထိုး ပြန်လည်အောင် မြင်လာပါတယ်။ သူ့အနေနဲ့ အလုပ်ကြိုးစားတာထက် ကျန်းမာရေးကို ပိုဂရုစိုက်ဖြစ်လာတဲ့အကြောင်း စက်တင်ဘာလ ၅ ရက်နေ့ညက ကျင်းပ ပြုလုပ်ခဲ့တဲ့ ချူဆီရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲမှာ မီဒီယာတွေ ကိုဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' အဲ့ဒီအချိန်မှာ အလုပ်တွေ ပိုလုပ်လာရတယ်။ လူတွေရဲ့ စိတ်ဝင်စားခြင်းတွေလည်း ခံရတယ်၊ ချစ်ခြင်းမေတ္တာတွေလည်း ရတယ်၊ ကိုယ် အ ပြစ် လုပ်ထားရင်တောင်မှပဲ ကိုယ့်ပုံစံလေးကို ကြည့်ပြီးချစ်ကြတယ်။ မိန်းကလေးတွေက အသက် ၃၀ ကျော်လာရင် အလုပ်ကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးကို လုပ်ဖို့ မေ့လျှော့နေကြတယ်။ ကိုယ်ချစ်တဲ့သူအနားမှာ အကြာကြီးနေချင်သေးတယ် '' လို့ ဆိုပါတယ်။

မွေးနေ့မှာ မိသားစုနဲ့အတူ ဘုရားတက်ကုသိုလ်ယူခဲ့တဲ့ အေးမြတ်သူ 

Photo: Aye Myat Thu Facebook

 

ခန္ဓာကိုယ်လှလှလေးကို ပိုင်ဆိုင်ထားပေမယ့်လည်း ဒီ့ထက်ပိုလှချင်သေးတယ်လို့ အေးမြတ်သူက ပြောပါတယ်။ သူ့အနေနဲ့ ကျန်းမာကြံ့ခိုင် တဲ့ ခန္ဓာကိုယ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်အသက်ရှင်ချင်သေးတယ် ဆိုပြီးတော့လည်း ဆက်လက်ပြောပြလာပါသေးတယ်။

'' ဒီ့ထက် ပိုလှချင်သေးတယ် လူတွေက အတ္တရှိတယ်။ လောဘရှိတယ် လူတွေရဲ့ဆန္ဒက ဘယ်တော့မှ အတောမသတ်သွားဘူး။ ဒီ့ထက်ပိုပြီး လှချင်သေးတယ်။ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ် ပိုဖြစ်ချင်သေးတယ်။ ဒီလောကကြီးမှာ အသက်ရှင်နေ တာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေချင် သေးတယ်။ ကိုယ့်ကိုယ်ကို ကျန်းမာအောင်နေရမယ်။ အဲ့ဒါမှ ကိုယ်ချစ်တဲ့သူတွေကို အကြာကြီးပြုစုနိုင်ရမယ်'' လို့ သူကပြောပါတယ်။

Photo: Aye Myat Thu Facebook

 

သရုပ်ဆောင်အေးမြတ်သူကတော့ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေလက်ခံရိုက်ကူးနေရသလို အနုပညာရှင်အသစ်လေးတွေနဲ့ တွဲပြီး ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။ မကြာခင် ရုံတင်ပြသတော့မယ့် ချူဆီ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင် သရုပ်ဆောင်ထားပါသေးတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က