နာရီကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံခဲ့တာပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ အွန်လိုင်း Luxury Watch ရောင်းချတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Chrono24 မှာ ရင်းနှီးမြှုပ်နှံခဲ့ပြီး သူ့ရဲ့ ကွင်းပြင်ပ စီးပွားရေးကို ထပ်မံချဲ့ထွင်ခဲ့ကြောင်း သိရှိရပါတယ်။ လက်ရှိမှာ တန်ကြေး ပေါင်သန်း (၇၇၀) ရှိတဲ့ အဆိုပါကုမ္ပဏီကို ပြီးခဲ့တဲ့ (၂၀၀၃) ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အရောင်းကိုယ်စားလှယ် (၃) ထောင်ကျော်မှတစ်ဆင့် နာရီပေါင်း (၅) သိန်းကျော် ရောင်းချပြီးဖြစ်ပါတယ်။



ရော်နယ်ဒိုဟာ နာရီတွေနဲ့ပတ်သက်လာရင် ကားတွေနည်းတူ ခရေဇီဖြစ်ပြီး သူ့ရဲ့ နာရီစုဆောင်းမှုတန်ဖိုးကလည်း ပေါင် (၅) သန်းအထိ ရှိနေပါတယ်။.ရော်နယ်ဒိုရဲ့ ရင်းနှီးမြှုပ်နှံမှုကိုလည်း အဆိုပါကုမ္ပဏီရဲ့ တည်ထောင်သူတစ်ယောက်ဖြစ်တဲ့ တင်မ်စထရက်ခ်က အင်စတာဂရမ်ကတစ်ဆင့် ရော်နယ်ဒိုနဲ့အတူ တွဲရိုက်ထားတဲ့ဓာတ်ပုံကို ပရိသတ်တွေထံ မျှဝေရင်း အသိပေးခဲ့ပါတယ်။

တင်မ်စထရက်ခ်က “ကမ္ဘာတစ်ဝန်းက နာရီချစ်သူတွေကို ကျွန်တော်တို့ အံ့အားသင့်ဖွယ်ကောင်းတဲ့ သတင်း ကြေညာဖို့ရှိပါတယ်။ အဲ့ဒါကတော့ ရော်နယ်ဒိုက ကျွန်တော်တို့ Chrono24 ရဲ့ ရှယ်ယာရှင်တစ်ယောက်ဖြစ်လာပြီဆိုတာပါပဲ။ နာရီတွေနဲ့ပတ်သက်လို့ သူ့ရဲ့စိတ်ဆန္ဒက စီးပွားရေးအမြင်နဲ့ပါ တိုက်ဆိုင်သွားခဲ့ပြီး အခုဆိုရင် သူက ဒီကဏ္ဍနှစ်ခုလုံးမှာ နောက်တစ်ဆင့်ကို ရောက်သွားခဲ့ပါပြီ”

“ဒီနေ့က ကျွန်တော်တို့အတွက်ရော၊ နာရီနဲ့ပတ်သက်လာရင် အကန့်အသတ်မရှိ ချစ်မြတ်နိုးတဲ့ ကျွန်တော်တို့ အသိုင်းအဝန်းအတွက်ပါ ကြီးကျယ်ခမ်းနားတဲ့ နေ့ရက်တစ်ရက်ဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့မေလကပဲ သူ့ရဲ့အောင်ပွဲခံဟန်တွေပါဝင်တဲ့ ပေါင် (၁) သိန်းနီးပါး တန်ဖိုးရှိ အဆင့်မြင့်နာရီတစ်လုံးကို လက်ခံရရှိခဲ့ပါသေးတယ်။

ရော်နယ်ဒိုရဲ့အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်ကလည်း နာရီခရေဇီတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ကာတာကမ္ဘာ့ဖလားမှာလည်း ပေါင် (၄) သိန်းတန်ကြေးရှိမယ်လို့ ခန့်မှန်းရတဲ့ နာရီတစ်လုံး ဝတ်ဆင်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ ကွင်းတွင်းမှာသာမက ကွင်းပြင်ပ စီးပွားရေးမှာပါ အောင်မြင်ဖို့ လှုပ်ရှားနေခဲ့ပြီး အခြားသောကဏ္ဍတွေမှာလည်း သူ့ရဲ့နာမည်နဲ့ ကုန်ပစ္စည်းတွေ၊ ဟိုတယ်တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်နေတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က