မက်ဆီကို မန်စီးတီးအသင်းက လိုချင်နေပြီး မက်ဆီရဲ့ စာချုပ်လျော်ကြေးက ပေါင် ၆၃၅သန်း ဖြစ်ပါတယ်။
Sportskeeda သတင်းဌာနရဲ့ ဖော်ပြချက်အရ မက်ဆီဟာ အသင်းကနေ ထွက်ခွာချင်တယ်လို့ ဘာစီလိုနာအသင်း ကို သိရပါတယ်။
မက်ဆီနဲ့ ဘာစီလိုနာရဲ့ ချုပ်ဆိုထားတဲ့ စာချုပ်က ၂၀၂၁ခုနှစ် နွေရာသီအထိရှိပေမယ့်လည်း စာချုပ်ပါ အချက် အလက်အရ မက်ဆီဘက်က တစ်ဖက်သတ် စာချုပ်ဖျက်သိမ်းခွင့်ရှိနေပါတယ်။
လက်ရှိအချိန်မှာလည်း မက်ဆီကို မန်စီးတီးအသင်းက ခေါ်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်နေသလို ဘာစီလိုနာကတော့ ဘိုင်ယန်ကို ၈-၂နဲ့ အရှက်တကွဲ ရှုံးနိမ့်ထားချိန်မှာ မက်ဆီက အသင်းက ထွက်ခွာချင်တယ်လို့ အသင်းကို တောင်းဆိုလာတဲ့အကြောင်း ကြားသိလာရတာပါ။
ဒါပေမယ့်လည်း မက်ဆီရဲ့ ပြောင်းရွှေ့ကြေးက အင်မတန်မှ မြင့်မားတဲ့အတွက် တောင့်တင်းတဲ့ အသင်းအနည်း ငယ်လောက်သာ မက်ဆီကို ခေါ်ယူနိုင်ဖို့ ရှိနေချိန် အဆိုပါအသင်းတွေထဲမှာလည်း မန်စီးတီးပါဝင်နေလို့ ဒီအခြေ အနေက စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။
မက်ဆီရဲ့ စာချုပ်လျော်ကြေးက ပေါင် ၆၃၅သန်းလို့ သိရပြီး လာမယ့်နွေရာသီမှာတော့ မန်စီးတီးက တရားဝင် ကမ်းလှမ်းဖွယ်ရှိနေတယ်လို့လည်း သတင်းမှာ ပါရှိပါတယ်။
အခြားတစ်ဖက်မှာလည်း အိုမင်းနေပြီဖြစ်တဲ့ ဘတ်စ်စကွက်၊ပီကေး၊ဗီဒယ်၊ဆွာရက်ဇ်စတဲ့ ကစားသမားတွေ နေရာမှာ လူငယ်ခြေတက်ကစားသမားကောင်းတွေကို ပြန်လည်ဝယ်ယူ အားဖြည့်ဖိုဆိုရင် အသက် ၃၂နှစ် အရွယ် မက်ဆီကို လက်လွှတ်မှ ဝင်ငွေပြန်ရမယ့် အရေးနဲ့လည်း ဘာစီလိုနာ ရင်ဆိုင်နေရပါတယ်။