ဝိုး…အဲ့ကတည်းက ချစ်စရာလေးနော်။

ငယ်ငယ်လေးကတည်းက ချစ်ဖို့ကောင်းလွန်းတဲ့ မင်းသမီးလေးနော်။ အသက်(၁၈)နှစ်အရွယ်က ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှထားပါတယ်။

 

Photo : ဖွေးဖွေး



ဖွေးဖွေးက သူမရဲ့ ငယ်စဉ်က ပုံလေးတွေကို ပရိသတ်တွေအတွက် လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာကနေ ဝေမျှပေးလိုက်ပါတယ်။ အနုပညာအလုပ်တွေ မလုပ်ခင် အသက်(၁၈)နှစ်တုန်းက ပုံလေးတွေ ဖြစ်ပါတယ်။

When I was 18 ဖွေးဖွေး ဆယ့်ရှစ်နှစ်တုန်းက ၁၉နှစ် မှာ အနုပညာ အလုပ်လေးတွေ စကြိုးစားဖြစ်ခဲ့ပါတယ်..” ဆိုပြီး ဇွန်လ(၈) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ဖွေးဖွေး

အသက်(၁၈) နှစ်တုန်းက ပုံလေးတွေ ကြည့်ပြီး ပရိသတ်တွေ အသည်းယားနေကြပါတယ်။ ဖွေးဖွေးရဲ့ ပုံလေးတွေကို ကြည့်တာနဲ့တင် ငယ်ငယ်ကတည်းက ဖက်ရှင်ကို ဦးစားပေးတတ်တာ ပေါ်လွင်လွန်းလှပါတယ်။ ဖက်ရှင်ကျကျဝတ်စားဆင်ယင်မှုနဲ့ သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးနဲ့ အရမ်းကို လှနေခဲ့တာပါ။

ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူပါ။ သူမကိုတော့တီဗီကြော်ငြာတွေကေ နတဆင့်လူသိများ ခဲ့ကြတာဖြစ်ပါတယ်။

Photo : ဖွေးဖွေး

သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိ ထားမိစေခဲ့ပါတယ်။ဖွေဖွေးက ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ဖွေးဖွေးဟာ၂၀၁၉ ခုနှစ်မတ်လပိုင်းလောက်မှာ ကားအက်ဆီးဒင့် ဒဏ်ရာကြောင့် အနုပညာအလုပ်တွေ ခဏ နားထားခဲ့ရပါသေးတယ်။ အခုလက်ရှိတော့ ကျန်းမာရေးအခြေအနေ ပြန်ကောင်းလာပြီး ဇွန်လကစကာ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်နေပြီလို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။  

Photo :@LI John

ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က