စိန်ခေါ်မှုများတဲ့ကာလမှာ လူအများစုက ခက်ခဲတဲ့ခံစားချက်တွေ၊ မတူညီတဲ့ခံစားချက်မျိုးတွေကို ခံစားရတတ်တာသဘာဝပါပဲ။

ကမ္ဘာ့ကပ်ရောဂါအခြေအနေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စစ်ပွဲတွေကြောင့် လူတွေရဲ့စိတ်ဟာ မွန်းကြပ်ပြီး အပြင်းထန်ဆုံးစိတ်ဒုက္ခတွေနဲ့ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။ ဒီလိုစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် ရုပ်ပိုင်းကိုပါ ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်ပြီး နေ့စဉ်လူမှုဘဝကို အကျိုးသက်ရောက်မှုတွေ ရှိလာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဒုက္ခတွေကနေ လွတ်မြောက်အောင် ရုန်းထွက်နိုင်မယ့် နည်းလမ်း(၃)ခုကို မျှဝေပေးလိုက်ပါတယ်။



အရေးပေါ်အခြေအနေကဖန်တီးလိုက်တဲ့ စိတ်ဒဏ်ရာများ

Photo: Reuters

အရေးပေါ်အခြေအနေတွေက လူတွေရဲ့ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ အကျိုးသက်ရောက်မှုတွေရှိစေနိုင်ပါတယ်။ စိန်ခေါ်မှုများတဲ့ကာလမှာ လူအများစုအနေနဲ့ ခက်ခဲတဲ့ခံစားချက်တွေ၊ မတူညီတဲ့ခံစားချက်မျိုးတွေကို ခံစားရတတ်တာ သဘာဝပါပဲ။

ဘယ်လိုခံစားချက်မျိုးတွေဖြစ်လာစေနိုင်သလဲဆိုတော့ စိုးရိမ်ပူပန်မှုတွေတိုးလာတာ၊ စိတ်ဖိစီးမှုတွေတိုးပွားလာတာ၊ ထိတ်လန့်ကြောက်ရွံ့တဲ့ခံစားချက်မျိုးတွေ၊ အပြစ်ရှိသလိုခံစားရတဲ့ခံစားချက်မျိုးတွေ၊ မျှော်လင့်ချက်မဲ့တာ၊ စိတ်ဆိုးဒေါသထွက်လွယ်လာတာ၊ ထုံပြီးလစ်ဟာနေတဲ့ခံစားချက်မျိုးတွေကို ခံစားလာရတတ်ပါတယ်။

အကျိုးသက်ရောက်မှုများ

Photo: Boston University

အကြပ်အတည်းကာလမှာ ရင်ဆိုင်နေရတဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို အပြင်ပိုင်းအကျိုးသက်ရောက်မှုနဲ့ အတွင်းပိုင်းအကျိုးသက်ရောက်မှုဆိုပြီး နှစ်ပိုင်းခွဲသုံးသပ်နိုင်တယ်လို့ Marble Psychological Service ရဲ့ Counselor မကြူလဲ့သူကဆိုပါတယ်။

"အပြင်ပိုင်းအကျိုးသက်ရောက်မှုမှာ နေ့စဉ်လုပ်ငန်းဆောင်တာတွေပြောင်းလဲသွားတာ၊ ပတ်ဝန်းကျင်အခြေအနေပြောင်းလဲသွားတာ၊ အခြားသူတွေနဲ့ထိတွေ့ဆက်ဆံရာမှာ ပြောင်းလဲရတဲ့အရာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ အတွင်းပိုင်း အကျိုးသက်ရောက်မှုဆိုရင်တော့ စိုးရိမ်ပူပန်မှုတွေတိုးလာတာ၊ လုပ်ချင်ကိုင်ချင်စိတ်လျော့နည်းလာတာမျိုးတွေ တွေ့ကြုံခံစားရနိုင်ပါတယ်။" လို့ မကြူလဲ့သူက သုံးသပ်ပြပါတယ်။ ဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်း (၃) မျိုးကိုလည်း မကြူလဲ့သူက မျှဝေပေးထားပါတယ်။

ပထမနည်းလမ်း

- မတူညီတဲ့စိတ်ခံစားချက်တွေကို အသိအမှတ်ပြုလက်ခံပါ။

- ခံစားချက်တွေကို သတိပြုပါ။

- ကိုယ့်ကိုကိုယ် အပြစ်မတင်မိပါစေနဲ့။

- ခံစားချက်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲကြိုးစားပါ။

- ဒီကာလမှာ ဒီလိုမျိုးခံစားရတာက သဘာဝပဲဆိုတာကိုလက်ခံပါ/ကိုယ့်ကိုကိုယ်နှစ်သိမ့်ပါ။

- ကိုယ့်ခံစားချက်တွေကို ချရေးပါ။

ဒုတိယနည်းလမ်း

- ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ပါ။

- ဘာကြောင့်ဒီလိုခံစားနေရသလဲဆိုတာကို စဉ်းစားပါ။

- ဖြေရှင်းနည်းကိုရှာပါ။

- စိတ်ခံစားချက်တွေကို မကောင်းတဲ့အရာလို့ မမှတ်ယူပါနဲ့။

- သက်သာအောင်ဘယ်လိုလုပ်မလဲ ရှာဖွေပါ။

တတိယနည်းလမ်း

- စိတ်အင်အားကို ပြန်လည်ဖြည့်တင်းပါ။

- သူငယ်ချင်းမိတ်တွေတွေနဲ့စကားပြောပါ။

- ကိုယ်ကြိုက်တဲ့ အစားအသောက်ကို စားသောက်ပါ။

- သီချင်းနားထောင်ပါ။

- ရုပ်ရှင်ကြည့်ပါ။

- လမ်းလျှောက်ထွက်ကြည့်ပါ။

- တစ်နေ့ကို လေ့ကျင့်ခန်းနှစ်ခုလောက် စမ်းသပ်လုပ်ဆောင်ကြည့်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က