မန္တလေးသူလေး မော်ဒယ်လ် သရုပ်ဆောင် လီလီကျော်ခိုင် က ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း နှစ်ခု ကို လုပ်ကိုင်နေပြီး မိမိဝင်ငွေအမြတ်တွေဆိုတာထက် ဝန်ထမ်းအယောက် ၃၀ ကျော် အတွက် လစာ ပေးထားနိုင်လို့ ပီတိဖြစ်မိတဲ့ အ ကြောင်းကို Duwun ကို ဖြေကြားခဲ့ပါတယ်။



လီလီကျော်ခိုင်က ကိုဗစ်ပထမလှိုင်းမှာကတည်းက အနုပညာအလုပ်အပြင် သူမရဲ့ ကိုယ်ပိုင် စီးပွားရေးတစ်ခု ဖြစ်တဲ့ " Louvre " အမှတ်တံဆိပ် ကိုယ်ပိုင်ဖက်ရှင် Brand နဲ့ မကြာခင်က ဖွင့်လှစ်ထားတဲ့ "Lyfe Coffee House" ဆိုတဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းနှစ်ခုကို ပိုင် ဆိုင်နေပြီ လို့လည်း သိရပါတယ်။ 

ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ " Louvre " အမှတ်တံဆိပ် ဝတ်စုံနဲ့ တွေ့ရတဲ့ လီလီကျော်ခိုင် (ဓာတ်ပုံ - Louvre)

အခက်အခဲ အကြပ်အတည်းတွေကြားက စီးပွားရေးလုပ်ငန်းနှစ်ခု လည်ပတ်နိုင်ဖို့ အတွက် ဝန်ထမ်း အ ယောက် (၃၀) ကျော်အတွက် လည်း လစာတွေ အချိန်မှီပေးနိုင်ခဲ့လို့ ဂုဏ်ယူရတဲ့ အ ကြောင်းကိုပြောပြလာပါတယ်။ 

" အခု စီးပွားလုပ်လာတာ လွန်ခဲ့တဲ့ လေးလလောက်ကမှစပြီး ပြန်ပြီးလည်ပတ်လာတယ်။ တစ်လတစ်လ ကိုယ့်အတွက်ဘယ်လောက်ကျန်တယ်ဆိုတာထက် အောက်က ဝန်ထမ်းအယောက် ၂၀ လောက်ကို အလုပ်ပေးထားနိုင်တယ်ပေါ့။ အရမ်းခက်ခဲခဲ့တဲ့အချိန်တုန်းက တချို့တွေဆို အလုပ်တွေ ဆက်မသွားနိုင်လို့ ဝန်ထမ်း တွေ လျှော့ချပစ်တာမျိုး ရှိတယ်။ ဒါပေမဲ့ ကိုယ်က အလုပ်တွေ ဆက် ပေးထားနိုင်ခဲ့တယ်။ အထည်ချုပ်ဘက်မှာ (၁၅) ယောက်လောက်ရှိတော့ ကိုယ့်ဝန်ထမ်း (၃၀) ကျော်လောက်ကို အလုပ်ပေးထားနိုင်တဲ့ ပီတိက ၃ လ လောက် ကိုယ့်အတွက် အမြတ်မကျန်တဲ့ လတွေရှိတာတောင် ပျော်နေခဲ့တယ်" 

လီလီကျော်ခိုင်ရဲ့ Lyfe Coffee House (ဓာတ်ပုံ - Lyfe Coffee House)

လုပ်ငန်းစလုပ်ခဲ့စဉ်ကတော့ ကိုယ့်အကျိုးအမြတ်အတွက်သာ လုပ်ခဲ့တာဖြစ်ပေမဲ့လည်း ယခုကာလ အခက်အခဲ တွေ ကြောင့် ဝန်ထမ်းတွေအတွက် သာ ဦးစားပေး စဉ်းစားဖြစ်ခဲ့တယ်လို့ လည်းဆိုပါတယ်။ 

" လုပ်ငန်းစလုပ်တုန်းက တော့ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်အတွကပဲ ကိုယ်စဉ်းစားထားခဲ့ပေမယ့် ဝန်ထမ်းအ ယောက် (၃၀) ကျော်ကို ဦးစီးလိုက်တဲ့ အချိန်မှာ ကိုယ့်အတွက် ဆိုတာမရှိတော့ဘူး။ ကိုယ့်ဝန်ထမ်းတွေအကုန်လုံးကို ကိုယ့်ဘေးနားမှာပဲ ရှိနေစေချင်တော့တာ။ မထွက်သွားစေချင်ဘူး။ အဲဒီအတွက် ကိုယ့်မှာ အမြတ် အဲဒီလောက်မကျန်ဘူး ။ကိုယ့်အတွက် ဆိုတာထက် သူတို့အတွက်ကိုပဲ ကြည့်နေတော့တယ်။ မိသားစုလေးတစ်ခု တည်ဆောက်လိုက်တဲ့ သဘောပေါ့နော်" လို့ လီလီကျော်ခိုင်က သူမရဲ့ ဝန်ထမ်းတွေ အ ပေါ်ထားတဲ့ စေတနာတွေအကြောင်းကို ပြောပြခဲ့ပါတယ်။ 

မန္တလေးဇာတိဖြစ်တဲ့ လီလီကျော်ခိုင်က ရန်ကုန်မှာ အ ခြေချနိုင်ဖို့ ကြိုးစားရင်းနဲ့ ကိုယ်ပိုင် စီးပွားရေးတွေ လုပ်ခဲ့တာ ဖြစ်ပြီး လုပ်ငန်းစလုပ်လုပ်ချင်းမှာ လူတိုင်းကြုံတွေ့ရသလိုပဲ သူလည်း အခက်အခဲများစွာနဲ့ ကြုံတွေ့ခဲ့ရတာပါ။ 

ဓာတ်ပုံ - လီလီကျော်ခိုင်

"လီလီက မန္တလေးက နေ အနုပညာအလုပ်လာလုပ်တဲ့သူဆိုတော့ ရန်ကုန်မှာက အနုပညာအလုပ်လုပ်ဖို့အပြင် ကျန်တဲ့အလုပ်က အဲဒီလောက်မရှိဘူးလေ။ ကိုယ့်နောက်မှာလဲ မိသားစု ရှိနေတော့ သူတို့ အတွက်လည်း တွေးရင် Covid Third Wave မတိုင်ခင်မှာ ဒီဇိုင်နာတစ်ယောက်နဲ့ ဖက်ရှင် အလုပ်လေးလုပ်ဖြစ်ခဲ့တယ်။ အဲ့ဒီ့က နေ အခုလိုအ ခြေအနေဖြစ်လာတော့ အနုပညာအလုပ်တွေ ရပ်သွားခဲ့တယ် ။ဖက်ရှင်တစ်ခုတည်း ရပ်တည်ရင် အဆင်မပြေတာနဲ့ ကော်ဖီဆိုင်လေးကို ဖွင့်ဖို့စဉ်းစားလိုက်တာပါ ။ကိုယ့်ရဲ့ အလုပ်အကိုင် ဘာလို့ ပြောင်းသွားရတာလဲဆိုတော့ ကိုယ့်ကိုမှီခိုနေတဲ့မိသားစုကြောင့်ပါ " လို့ လုပ်ငန်းစတင်ဖြစ်တဲ့အကြောင်းကို ရင်ဖွင့်လာပါတယ်။

လီလီကျော်ခိုင်ကို တော့ ပရိသတ်တွေက မဂ္ဂဇင်း ကာဗာတွေက နေတဆင့် စတင်သိရှိလာခဲ့တာပါ။ အနုပညာလောက ထဲကိုလည်း မော်ဒယ်တစ်ယောက် အနေနဲ့ ဝင်ရောက်လာခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ တက်သစ်စ အနုပညာရှင်တစ်ယောက် ဖြစ်နေပါပြီ။ သူမဟာ ရုပ်သံ ဇာတ်လမ်းတွဲ၊ ရုပ်ရှင် ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရပြီဖြစ်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ " ဂယက်ဆိုင်" ဇာတ်လမ်းတွဲလေး မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က