ဇာတ်ကား(၉) ကားတိတိပါဝင်ထားတာပါ။

ဒီနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆုက နေတိုးအတွက်များ ဖြစ်နေမလား။

 

၂၀၁၉ ခုနှစ်အတွက် ‌ပေးအပ်မယ့် အကယ်ဒမီပေးပွဲကြီးအတွက် ရွေးချယ်ထားတဲ့ ဆန်ခါတင် ဇာတ်ကား (၂၉) ကားထဲမှာ နေတိုးရဲ့ ဇာတ်ကားက (၉) ကားတိတိပါဝင်နေခဲ့ပါတယ်။ အဲဒီဇာတ်ကား (၉) ကားစလုံးဟာ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။

နေတိုးပါဝင်ထားတဲ့ ဇာတ်ကား(၉) ကားက နိုင်ငံကြီးသား၊ ရူး‌အောင်ချစ်မယ့်သူ၊ မဟူရာရုပ်ရှင်ရုံ၊ အထက်တန်းစား၊ ပြုံးရွှင်ရေပျော်ရဲ့လား၊ အခမ်းနားဆုံးမေတ္တာ၊ Box 88 ၊ ဗိုလ်နေတိုး၊ ချည် စတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။

နေတိုးပါဝင်ထားတဲ့ ဇာတ်ကား(၉) ကားမှာ ပရိသတ်တွေ အကယ်ဒမီ ရစေချင်တဲ့ ဇာတ်ကားကောင်း တွေကလည်း အများကြီး ရှိလို့နေပါတယ်။အဲဒီထဲကမှ အထက်တန်းစား ဇာတ်ကားကတော့ ပရိသတ်အများစုရဲ့ ကြိုက်နှစ်သက်ခြင်းကို ရရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဒီဇာတ်ကားနဲ့ နေတိုးကို အကယ်ဒမီ ရစေချင်တဲ့ ပရိသတ်တွေလည်း ရှိလို့နေပါတယ်။

အထက်တန်းစား ဇာတ်ကားဟာ အထက်လမ်းပညာ၊ အောက်လမ်းပညာနဲ့ အရပ်စကား နတ်ကတော်လို့ ခေါ်တဲ့ ကန္နားစီး တွေကို အခြေခံထားတဲ့ Drama အမျိုးအစားတစ်ခုပါ။အဲဒီဇာတ်ကားမှာ နေတိုးဟာ မြန်မာအကတွေထဲမှာ အခက်အခဲဆုံး အကတစ်ခုလို့ ပြောလို့ရတဲ့ ကန္နားစီး နတ်အကကို ပိုင်ပိုင်နိုင်နိုင်ကပြနိုင်ခဲ့သလို ကန္နားစီးတစ်ယောက်ရဲ့ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ဒီဇာတ်ကားနဲ့ ပရိသတ်တွေက အကယ်ဒမီဆုကို ပိုင်ဆိုင်စေချင်ကြတာ ဖြစ်ပါတယ်။

၂၀၁၉ခုနှစ်အတွက် ဆန်ခါတင် ရုပ်ရှင်ဇာတ်ကားကြီး (၂၉) ကားထဲမှာ အမျိုးသား သရုပ်ဆောင်များတွင် နေတိုးက(၉)ကား၊ မြင့်မြတ်က (၅)ကားအများဆုံးပါဝင်ထားသလို အမျိုးသမီး သရုပ်ဆောင်များတွင် ရွှေမှုံရတီက(၅)ကား၊ အိန္ဒြာကျော်ဇင်၊ဝတ်မှုံရွှေရည်နဲ့ဖွေးဖွေးတို့က (၄)ကားစီ ပါဝင်ထားကာ သက်မွန်မြင့်နဲ့ ပိုင်ဖြိုးသုတို့က (၂)ကားစီ ပါဝင်ထားကြပါတယ်။

နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ ဘက်စုံထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 

 

Share

Loading Next Article...
က္က