အကယ်ဒမီ ရင်ခုန်ခံကို ပြောပြလာတာပါ။

၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင်ဇာတ်ကားတွေထဲမှာ နေတိုးပါဝင်ထားတဲ့ ဇာတ်ကားတွေက အများကြီးပါပဲ။ သူကိုယ်တိုင်ကလည်း သဘောကျနှစ်သက်ခဲ့ရတဲ့ ဇာတ်ကားတွေဖြစ်တယ်လို့ သိရပါတယ်။ 

Photo: Nay Toe 



၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး သရုပ်ဆောင် နေတိုးရဲ့ ရင်ခုန်သံကို အင်တာဗျူးတွေမှာ ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း အကောင်းဆုံး ကြိုးစားခဲ့တဲ့ နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

“အကယ်ဒမီ နီးလာတယ်ဆိုရင် ပရိသတ်ရဲ့ ထင်မြင်ယူဆချက်လေးတွေ၊ သူတို့ရဲ့ မျှော်လင့်ချက် လေးတွေကလည်း နီးကပ်လာပြီပေါ့နော်။ ကျွန်တော့်အနေနဲ့ကတော့ ဒီနှစ်အတွင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားခဲ့ပါတယ်။ ပရိသတ်တွေကလည်း မျှော်လင့်ချက်တွေ ရှိကောင်းရှိနိုင်တယ်လို့ ကျွန်တော် မြင်ပါတယ်။ ကိုယ်တိုင်ကတော့ ထွေထွေထူးထူး ရင်ခုန် မျှော်ခင့်ချက် ဆိုတာမျိုး မရှိပါဘူး” လို့ သူက ပြောပါတယ်။ 

Photo: Nay Toe 

၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင်ဇာတ်ကားတွေထဲမှာတော့ နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေက အများကြီးပါပဲ။ ပရိသတ်နဲ့ သူနဲ့အကြိုက်တူခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်တယ်လို့ ဇန်နဝါရီလ ၁၈ ရက်နေ့က XIMI ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

“ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကလည်း များပါတယ်။ ကာရိုက်တာတွေကလည်း စုံတဲ့ နှစ်တစ်နှစ်လို့ ပြောလို့ရတယ်ပေါ့နော်။ အဓိက ကတော့ ကျွန်တော့်ပရိသတ်တွေက ဒီဇာတ်ကားတွေပေါ်မှာ ကြည့်ရှုမှု အများဆုံးရခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့လည်း ကျွန်တော် သုံးသပ်မိပါတယ်။ ပရိသတ်နဲ့ ကျွန်တော့်ကြားမှာ ကျေနပ်စရာတွေရှိခဲ့တဲ့ နှစ်တစ်နှစ်ပါ။ ဇာတ်ကားတိုင်းရဲ့ ကာရိုက်တာကိုလည်း နှစ်သက်ခဲ့ပါတယ်” လို့ ဆိုပါတယ်။ 

Photo: Nay Toe 

အကယ်ဒမီပေးပွဲမှာ ပရိသတ် သဘောထားတဲ့ ထပ်တူကျဖို့အတွက်ကိုလည်း နေတိုးကိုယ်တိုင်က မျှော်လင့်တယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲနဲ့ ပတ်သက်ပြီး နေတိုးရဲ့ သဘောထားကိုလည်း အခုလို ပြောပြလာပါတယ်။ 

“ အကယ်ဒမီကတော့ နှစ်စဉ်နှစ်တိုင်း လူတိုင်းရဲ့ စိတ်ကြိုက်တော့ ဖြစ်မှာ မဟုတ်ပါဘူး။ တစ်ဦးတစ်ယောက်အတွက် လွဲချော်သလို တစ်ဦးတစ်ယောက်အတွက် မှန်ကောင်း မှန်နိုင်တယ်။ ပရိသတ်အားပေးမှုနဲ့ ထပ်တူကျတဲ့ အကယ်ဒမီဖြစ်ဖို့ကိုတော့ အကုန်လုံး က မျှော်လင့် ကြတာပါပဲ။ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတာကလည်း လောကသဘာဝတစ်ခုဖြစ်နေတာလေ။ ဒီနှစ်ကတော့ ပရိသတ်နဲ့ တစ်ထပ်တည်း ဖြစ်နိုင်ကောင်းတယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Nay Toe 

နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ ဘက်စုံထူးချွန်တဲ့ အနုပညရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က