အကောင်းဆုံးတော့ ကြိုးစားခဲ့တယ်။

ဝတ်မှုံရွှေရည်ကတော့ အကယ်ဒမီအတွက် ရင်မခုန်ရဲသေးဘူးလို့ဆိုပါတယ်။ သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာတော့ အကောင်းဆုံး ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။

Photo: Li John



၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲကတော့ နီးသထက် နီးလာပြီဖြစ်ပါတယ်။ ဒါကြောင့် ဝတ်မှုံရွှေရည်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း ရင်ခုန်လို့နေပါတယ်။ ဒါပေမယ့် ဝတ်မှုံရွှေရည်ကတော့ ရင်မခုန်ရဲဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

"အကယ်ဒမီ အတွက်က တော့ ကစ် အမြဲတမ်းပြောပါတယ်။ ကိုယ့်ဘက် ကတော့ အကောင်းဆုံးဖြစ် အောင် ကြိုးစားခဲ့တယ်။ အကယ်ဒမီက ရတာ မရတာ ဆိုတာထက် ရရင် တော့လည်းပျော်မှာပေါ့နော်။ မရတော့လည်း သူများအတွက် ပျော်မှာပေါ့။ အကယ်ဒမီအတွက် ရင်မခုန်ရဲဘူး။ ရင်မခုန်ရဲဘူးဖြစ်နေတယ်" လို့ သူကဆိုပါတယ်။

Photo: Wutt Hmone Shwe Yi

၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီဆန်ခါတင်စာရင်းဝင် ဇာတ်ကားတွေမှာလည်း ဝတ်မှုံရွှေရည်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ပါဝင်နေတာ တွေ့ရပါတယ်။ သူမကတော့ ပရိသတ်အားပေးမှုအခိုင်အမာ ရရှိခဲ့တာနဲ့တင် ကျေနပ်ပြီလို့ ဇန်နဝါရီလ ၁၄ မနက်က "အိပ်မက် မြစ်" ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

"ရိုက်ကတည်းကတော့ အကယ်ဒမီရပါစေ ဆိုပြီး ရိုက်ခဲ့တာတော့ မဟုတ်ပါဘူး။ ကိုယ်လုပ်ရမယ့် တာဝန်ကို ကိုယ်လုပ်ရမယ့် ဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်ခဲ့တယ်။အဲ့ဒီအပေါ်မှာ ပရိသတ်တွေ ကြိုက်တယ်။ ပရိသတ်တွေ အားပေးကြတယ်။ အဲ့ဒါနဲ့ အရမ်းကို ဒါက ကိုယ့်ရဲ့ Goal တစ်ခုပေါ့နော်။ ကိုယ်ကျေနပ်တယ်ပေါ့နော်။အဓိကက ကိုယ်က ပရိသတ်အတွက် ဖျော်ဖြေ တာဖြစ်တဲ့အ တွက် ကြောင့် ပရိသတ်ရင်ထဲ ရောက်ဖို့အတွက်က အဓိကပေါ့" လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Li John

ဝတ်မှုံရွှေရည်ဟာ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asian Academy Creative Award ဆုချီးမြှင့်ပွဲမှာလည်း လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Best Actress ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမဟာ ပြည်ပအနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူတစ်ယောက်ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က “From Bangkok to Mandalay” ရုပ်ရှင်ဇာတ်ကား၊ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကား၊ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားတွေ ကလည်း ပြည်ပအနုပညာရှင်တွေနဲ့ အတူ ရိုက်ကူခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။ သူမ ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က