နေတိုးကတော့ အကယ်ဒမီဆုတွေအပြင် နောက်ထပ် ထူးချွန်ဆုတွေ အများကြီးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနုပညာရှင်တစ်ယောက်ရဲ့ အနုပညာကြေးက ပရိသတ်အားပေးမှုနဲ့ ဆိုင်တယ်လို့ဆိုပါတယ်။
ပရိသတ်အချစ်တော် မင်းသားချောတစ်ယောက်ဖြစ်တဲ့ နေတိုးက အနုပညာရှင်တစ်ယောက်ရဲ့ အနုပညာကြေးဟာ အားပေးတဲ့ ပရိသတ်အပေါ် မူတည်တယ်လို့ ဆိုပါတယ်။ ဘယ်အရာမှလည်း တစ်သတ်မတ်တည်း မရှိဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ အနုပညာကြေးဆိုတာကတော့ ပရိသတ်အားပေးမှု အနည်းအများပေါ်မှာပဲ မူတည်ပါတယ်။ အနုပညာကြေးဆိုတာကလည်း ပရိသတ်အားပေးမှုနဲ့ တိုက်ရိုက် အချိုးချထားတာဆိုတော့လေ အောင်မြင်တဲ့အနုပညာရှင်တိုင်းက အနုပညာကြေးကတော့ အထိုက်အလျှောက် အနည်းအများပေါ်မှာ မူတည်ပါတယ်။ ဘယ်အရာမှလည်း တစ်သတ်မှတ်ကြီးတော့ မရှိဘူးပေါ့’’ လို့ သူကဆိုပါတယ်။
နေတိုးဟာ လက်ရှိမှာ အကယ်ဒမီဆု များစွာ ရရှိပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကယ်ဒမီ အများကြီးရလို့ အနုပညာကြေးတတ်တယ်ဆိုတာ မရှိဘူးလို့ ပြောပါတယ်။
‘’ ကျွန်တော်ကတော့ အနုပညာကြေးတက်လာတာမရှိပါဘူး။ အကယ်ဒမီကြောင့် အနုပညာကြေးတက်တာ မရှိပါဘူး’’ ဆိုပြီးတော့ သြဂုတ်လ ၇ ရက်နေ့က ‘’စစ်ကား’’ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။
နေတိုးကတော့ ဘယ်လို ကာရိုက်တာမျိုးမဆို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယော က်ဖြစ်ပါတယ်။ ဒီလိုပီပြင်ဖို့အတွက်ကလည်း သေသေချာချာ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။
‘’ပုံမှန်အားဖြင့်တော့ ကိုယ်လုပ်နိုင်တဲ့ ဇာတ်ရုပ်ဖြစ်မလား၊ ပြီးတော့ ဒီဇာတ်ရုပ်အပေါ်မှာ ဘယ်လောက်အထိ သက်ဝင်ခံစားနိုင်သလဲ။ ဒီအပေါ်မှာ မူတည်တာပေါ့။ကျွန်တော်က ဇာတ်ရုပ် Change ရတာကို အရမ်းဝါသနာပါတယ်လေ။ Romantic ဇာတ်ကောင်အပြင် နိုင်ငံကြီးသားကားထဲက ဇာတ်ကောင်မျိုးတွေ၊ ကန္တွားစီးလို ကာရိုက်တာမျိုးတွေပေါ့။ နောက်ထပ်လည်းရိုက်ဖို့ရှိတယ်။ ရိုက်ကူးခဲ့ပြီးတဲ့ ဇာတ်ကောင်တွေကိုလည်း အပီပြင်ဆုံးဖြစ်အောင် သရုပ်ဆောင်ခဲ့တယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
နေတိုးက အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။