၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီဆန်ခါတင်စာရင်းဝင် ဇာတ်ကား ၂၉ ကား ကို တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါပြီ။
Photo: Tin Tun Win
၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီဆန်ခါတင်စာရင်းဝင် ဇာတ်ကား ၂၉ ကား စာရင်းထွက်ပေါ်လာပါပြီ။ အဆိုပါ ၂၉ ကားစာရင်းကိုတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကပဲ တရားဝင် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားတွေဟာ ပရိသတ်အားပေးမှု အများဆုံး ရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။
အထက်တန်းစား၊ ကြာတော့သည်လည်း မောင့်စကား၊ ဒဏ္ဍာရီမိုး၊ ကျွန်မ ချစ်သော ယောကျ်ားသုံးယောက်၊ လိပ်ပြာစံအိမ်၊ နို့ဘီလူး၊ သစ္စာနန်းတော်၊ ၁၀၁၄ ၊ ချည်၊ ပပဝတီစီရင်ခန်း၊ တိမ်တွေပေါ်က ပန်း၊ ညစ်တွန်း၊ လှပ်၍လွင့်သော၊ စရိုက်၊ ထာဝရထက်နှစ်ဆ၊ သူစိမ်းအိမ်၊ ဟစ်တိုင်၊ နိုင်ငံကြီးသား၊ ရူးအောင်ချစ်မယ့်သူ၊ မဟူရာရုပ်ရှင်ရုံ၊ ပြုံးရွှင်ရေ ပျော်ရဲ့လား၊ ကျောမှာဂဋုန်ရင်မှာနဂါး၊ ဧည့်သည်၊ ထာဝရနှောင်ကြိုး၊ အခမ်းနားဆုံးမေတ္တာ၊ ခရေ၊ Box 88 ၊ ရိုးမပေါ်ကျတဲ့ မျက်ရည်၊ ညစ်တွန်း စတဲ့ ဇာတ်ကား စာရင်းတွေ ထွက်ရှိလာတာ တွေ့ရပါတယ်။
အဆိုပါ ဇာတ်ကားစာရင်းတွေမှာတော့ နေတိုး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား (၉) ကားပါဝင်ပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့ ဇာတ်ကားတွေကတော့ (၅)ကားပါဝင်လာပါတယ်။ သရုပ်ဆောင် မြင့်မြတ်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီး (၄) ကားလည်း အကယ်ဒမီ စာရင်းဝင်လာခဲ့ပါတယ်။ ဖွေးဖွေးရဲ့ ဇာတ်ကားတွေကလည်း (၄) ကားပါဝင်ပါတယ်။ ရွှေမှုံရတီပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီးလည်း (၄) ကား ပါဝင်လာတာ တွေ့ရပါတယ်။ နောက်ထပ် နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့ ကျော်သူ၊ လူမင်း၊ ဝတ်မှုံရွှေရည် တို့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်းအကယ်ဒမီစာရင်းဝင်ဇာတ်ကားတွေအဖြစ် ပါဝင်လာတာ တွေ့ရပါတယ်။
၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုတော့ ၂၀၂၀ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ နေရာကိုတော့ ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်ဖို့ လျာထားလျှက်ရှိပါတယ်။