ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဟာ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီပေးပွဲအကြောင်း သတင်းတွေ ပေါက်ကြားခဲ့တဲ့အပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။
Photo: Maung Myo Min
၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအပေါ် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရဲ့ သဘောထားကို အခုလို ပြောပြခဲ့ပါတယ်။ သတင်းတွေ ပေါက်ကြားခဲ့ တဲ့အပေါ်မှာလည်း မဖြစ်သင့်ဘူးလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
Photo: Maung Myo Min
အကယ်ဒမီ ဆုရ စာရင်းတွေ ပြန့်နှံ့ ခဲ့တဲ့အပေါ်မှာလည်း အကယ်ဒမီ ဘုတ်အဖွဲ့ တာဝန်ရှိသူတွေက စစ်ဆေးသင့်တယ်လို့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ပြောပြလာပါတယ်။
‘’ ဒါရှင်းရှင်းလေးပဲ လူကြီးထဲမှာ သစ္စာဖောက်ရှိနေတာပေါ့။ ဒီတော့ အကယ်ဒမီ ဘုတ်အဖွဲ့မှာ ဘယ်သူတွေ တာဝန်ရှိသလဲ။ တာဝန်ရှိတဲ့သူတွေကို စစ်ဆေးသင့်တယ်။ ပြောသင့်တယ်’’ လို့ မတ်လ ၂၃ ရက်နေ့ညက အကယ်ဒမီပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။
Photo: Maung Myo Min
အဲဒီနောက် ၂၀၁၈ ခုနှစ် အကယ်ဒမီ ဆုပေးပွဲမှာတော့ နှင်းဆီအငြိမ့်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကျော်ကျော်ဗိုက ‘’မုန်းစွဲ ‘’ ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်ပို့ ဆုရရှိသွားတဲ့အပေါ်မှာလည်း ကျေနပ်ဝမ်းသာမိတယ်လို့ ဆိုပါတယ်။
ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ဟာ လက်ရှိမှာလည်း အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ ဒါရိုက်တာတစ်ဦးဆိုလည်း မမှားပါဘူး။ သူရိုက်ကူး ပုံဖော် လိုက်တဲ့ ဇာတ်ကားတိုင်းကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ဇာတ်ကားတွေချည်းပါပဲ။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားသေးတယ်လို့ သိရပါတယ်။