အဝတ်လဲခန်းထဲအဝင် ဥမင်ထိပ်ကို ထိုးကြိတ်ခဲ့တာပါ။

ခံစစ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ညံ့ဖျင်းလွန်းတာကြောင့် ဒီဂီယာတစ်ယောက် တော်တော်လေးအလုပ်ရှုပ်ခဲ့ရပြီး ဒီအပေါ်မှာ ဒေါသထွက်ခဲ့ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ 


ယူနိုက်တက်အသင်းဂိုးသမားဒီဂီယာဟာ မန်ချက်စတာဒါဘီပွဲ ပထမပိုင်းအပြီး အဝတ်လဲခန်းအတွင်းသွားရာလမ်းမှာ တော်တော်လေးဒေါသထွက်နေခဲ့ပြီး ဥမင်အဝင်လမ်းမှာ ထိုးကြိတ်ရိုက်နှက်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ မန်စီးတီးရဲ့ တရစပ်ဖိအားပေးနေမှုတွေကို ကာကွယ်နိုင်ခဲ့ပေမယ့်လည်း ဘိုင်ယီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှု၊ ဘာနာဒိုဆေးလ်ဗားရဲ့ သွင်းဂိုးတွေကို ဒီဂီယာခွင့်ပြုခဲ့ရပြီး အသင်းလည်းရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။



အသက် ၃၀ အရွယ် စပိန်ဂိုးသမားဟာ ကန်ဆယ်လိုရဲ့ ကန်သွင်းချက် ၂ကြိမ်၊ ဂျီးဆပ်နဲ့ ဒီဘရိုင်းတို့ရဲ့ ကန်သွင်းချက်တွေကို ကာကွယ်ပေးခဲ့သလို လင်ဒီလော့ဖ်ရဲ့ ဖျက်ထုတ်မှုက ဂိုးပေါက်ဆီတန်းတန်းမတ်မတ်ရောက်လာခဲ့တာကိုလည်း ကာကွယ်ခဲ့ရပါတယ်။ ခံစစ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ညံ့ဖျင်းလွန်းတာကြောင့် ဒီဂီယာတစ်ယောက် တော်တော်လေးအလုပ်ရှုပ်ခဲ့ရပြီး ဒီအပေါ်မှာ ဒေါသထွက်ခဲ့ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ 



ပထမပိုင်းအပြီး အဝတ်လဲခန်းအတွင်းသွားရာလမ်းမှာ ဒီဂီယာက ဥမင်ဝင်ပေါက်ကို လက်သီးနဲ့ထိုးကြိတ်သွားခဲ့တယ်လို့ ရုပ်သံပြကွက်တွေက အမိအရရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒါဟာ အသင်းဖော်တွေက သူ့ကို လုံလောက်တဲ့ ကာကွယ်ပေးမှုမျိုးမပြုလုပ်နိုင်ခဲ့တာကြောင့်လို့ ယူဆရပြီး တိကျတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ 

ပရိသတ်တွေကတော့ ဒီဂီယာကို ကာကွယ်ပြောဆိုပေးခဲ့ကြပြီး စပိန်ဂိုးသမားဟာ ဒီလိုမျိုးပုံစံနဲ့ မထိုက်တန်ဘူးလို့ မှတ်ချက်ပြုခဲ့ကြပါတယ်။ ပရိသတ်အများစုက သနားစရာကောင်းတဲ့ ဒီဂီယာလို့ ရေးသားပြီး အသင်းဖော်တွေရဲ့ ခြေစွမ်းဆိုးရွားမှုကို ပြစ်တင်ခဲ့ကြပါတယ်။ မနေ့ကပွဲမှာ ယူနိုက်တက်ဂျာစီကို ဝတ်ဆင်ဖို့ထိုက်တန်တဲ့ကစားသမား ၃ဦးသာ ရှိခဲ့ပြီး ဒီဂီယာက တစ်ဦးအပါအဝင်ဖြစ်တယ်လို့လည်း ရေးသားပြောဆိုခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က