တန်ဖိုးသင့် Smartwatch တွေပါ

Realme TechLife ရဲ့ sub-brand တစ်ခုဖြစ်တဲ့ DIZO ကနေ တန်ဖိုးသင့် စမတ်နာရီနှစ်မျိုးကို ကြေညာလိုက်ပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့ Flipkart ပေါ်မှာ ရောင်းချသွားမယ့် DIZO Watch 2 နဲ့ Watch 2 Pro တို့ကို အိန္ဒိယဈေးကွက်မှာ မိတ်ဆက်လိုက်တာပါ။ DIZO Watch 2 ဟာ ၁.၆၉ လက်မ display နဲ့လာပြီး ရူပီး ၃၀၀၀ တန် Wearable ထုတ်ကုန်တွေထဲမှာ display အရွယ်အစား အကြီးဆုံးလို့ ဆိုနိုင်ပါတယ်။ စပြီး မိတ်ဆက်တဲ့ရက်မှာ ရူပီး ၂၀၀၀ (မြန်မာငွေ ၅ သောင်း) ဈေးနဲ့ ရောင်းချသွားမှာပါ။ 



Photo: GSMArena


2.5D curved glass မှန်အုပ်ထားပြီး အပြင်ဘက်မှာ screen ကို ပိုရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ တောက်ပမှုနှုန်း 600 nits အထိ တင်နိုင်မယ်လို့လည်း ဆိုပါတယ်။ Realme Watch 2 ထက် screen size ပိုကြီးပြီး နာရီအိုးကို Classic Black ၊ Silver Grey ၊ Ivory White နဲ့ Golden Pink ရောင်တွေကိုမှ ဇင့်အလွိုင်းနဲ့ ဖန်တီးထားတာပါ။ နာရီလက်ပတ်ကြိုးကို တခြား 20mm ကြိုးတွေနဲ့ လဲနိုင်မှာပါ။ 

watch faces ပေါင်း ၁၀၀ ကျော် ထည့်ပေးထားပြီး ၅၀မီတာအထိ ရေစိုဒဏ်ခံနိုင်မှာဖြစ်လို့ ရေကူးရင်းလည်း ဝတ်ဆင်နိုင်မှာပါ။ ကျန်းမာရေးခြေရာခံမှုအနေနဲ့ နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်ဆီဂျင်တိုင်းတာမှုကို အချိန်ပြည့်စောင့်ကြည့်နိုင်မှာပါ။ ဒီနာရီမှာ အိပ်စက်မှုခြေရာခံစနစ် ၊ ဓမ္မတာစက်ဝိုင်းကျန်းမာရေးနဲ့ ခြေလှမ်းအရေအတွက် တွက်ချက်မှုစနစ်လည်း ပါဝင်ပါတယ်။ 


Photo: GSMArena

260mAh ဘက်ထရီကြောင့် ပုံမှန်အတိုင်းဆို ၁၀ ရက်အထိ အသုံးခံသလို အားသွင်းမှုကိုလည်း ၂ နာရီပဲ အချိန်ယူတယ်လို့ ဆိုပါတယ်။ Pro မော်ဒယ်မှာ display ဟာ ၁.၇၅ လက်မအထိ ပိုကြီးလာပြီး ဘက်ထရီပါဝါကိုလည်း 390mAh ဘက်ထရီ သုံးထားပါတယ်။ တစ်ခါအားသွင်းထားချိန်မှာ ၁၄ ရက်အထိ အားခံမှာပါ။ IP68 rating ပါပေမယ့် 5ATM water resistance မပါလို့ နာရီပတ်ပြီး ရေကူးလို့ အဆင်ပြေမှာမဟုတ်ပါဘူး။ 

Sport mode ၉၀ ကျော် ပါရှိပြီး နှလုံးခုန်နှုန်းနဲ့ SpO2 တိုင်းတာမှု ၊ ခြေလှမ်းနဲ့ အိပ်စက်မှု ခြေရာခံစနစ်တွေလည်း ပါရှိပါတယ်။ DIZO Watch ကို အနက်နဲ့ Space Blue ကာလာတွေနဲ့ ထွက်ထားပြီး ရူပီး ၅၀၀၀ ဈေးနဲ့ ရောင်းမှာ ဖြစ်ပေမယ့် စပြီး မိတ်ဆက်တဲ့နေ့ ဈေးကိုတော့ ရူပီး ၄၅၀၀ (မြန်မာငွေ ၁ သိန်း ၁ သောင်းကျော်) သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က