မြန်မာငွေ ၅ သိန်းပတ်ချာလည်တန် 5G ဖုန်း

တန်ဖိုးသင့် Tecno ဖုန်းအမှတ်တံဆိပ်ကနေ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းသစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ 

Tecno POVA 5G ဟာ POVA စီးရီးတေါရဲ့ အစဉ်အလာအတိုင်း အကြီးစား Display နဲ့ ဧရာမဘက်ထရီ သုံးလာတဲ့ဖုန်းဖြစ်ပြီး ကျောဘက်မှာလည်း 50MP Main ကင်မရာစနစ် နဲ့ လာပါတယ်။ punch-Hole ဒီဇိုင်း နဲ့ ဘေးဘောင်လက်ဗွေနည်းပညာ တပ်ဆင်ထားပြီး ကျောဘက်မှာ ထောင်လိုက်စတုဂံကင်မရာအိမ်နဲ့ ထွက်လာပါတယ်။



Photo: Gizchina

၇ လက်မနီးနီး Screen Size သုံးထားတဲ့ ဒီဖုန်းဟာ Full HD+ ရုပ်ထွက်ပါ LCD display နဲ့လာပါတယ်။ Screen Refresh Rate ဟာ အမြင့်တန်း 120Hz သုံးထားတာဖြစ်လို့ အထစ်အငေါ့မရှိ သွက်လက်ချောမွေ့တဲ့ Display အတွေ့အကြုံကို ခံစားရမှာပါ။ Processor အနေနဲ့ 5G ရတဲ့ Dimensity 900 chipset သုံးလာပြီး LPDDR5 RAM 8GB နဲ့ UFS 3.1 storage သုံး 128GB တို့ ပါရှိပါတယ်။ Android 11 အခြေခံ HiOS နဲ့လာပြီး Virtual RAM 3GB ပါမယ်လို့ ဆိုပါတယ်။ 

ကျောဘက်မှာ 50MP main sensor နဲ့အတူ 2MP ကင်မရာနဲ့ AI Lens တစ်ခု တပ်ဆင်ထားပါတယ်။ POVA 5G ဟာ ဓါတ်ပုံပိုင်းမှာ 4K Time-Lapse နဲ့ Panorama လို features တွေ ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။ ဆယ်လ်ဖီအတွက် ရှေ့ punch-hole မှာ 12MP ကင်မရာ ထည့်ပေးထားပါတယ်။ 

Tecno POVA 5G ဟာ 18W fast charging ပါ 6000mAh ဘက်ထရီနဲ့လာပြီး Standby ၇၇၅ နာရီ နဲ့ဂိမ်း ၁၁ နာရီကစားနိုင်မယ်လို့ ကြေညာထားပါတယ်။ ဈေးနှုန်းနဲ့ ဖြန့်ချိမယ့်ရက်ကိုတော့ တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။ သတင်းတွေအရ ၂၈၉ ဒေါ်လာ (မြန်မာငွေ ၅ သိန်း ကျော်) ပေါက်မယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က