ဈေးနှုန်းနဲ့ ထွက်မယ့်ရက် မသိရသေးပါဘူး။

ဂျပန်နည်းပညာကုမ္ပဏီ Sharp ကနေ 240Hz refresh rate နဲ့ ကမ္ဘာ့အပေါ့ပါးဆုံး 5G စမတ်ဖုန်းသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။

           Sharp ကနေ ထုတ်တဲ့ Aquos Zero 6 ဟာ အကြီးစား ဘက်ထရီနဲ့ display သုံးထားပေမယ့် အပေါ့ဆုံးဖုန်းလို့ ဆိုနိုင်ပါတယ်။ ထုထည်နဲ့အလေးချိန်အားဖြင့် အလျား ၊ အနံ ၊ ထု 158 x 73 x 7.9mm ရှိပြီး ခန့်မှန်းအလေးချိန် ၁၄၆ ဂရမ် ရှိမယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ စံချိန်တင်အောင် ပါးလွှာပေမယ့် သုံးထားတဲ့ဘက်ထရီဟာ 4010mAh ရှိတယ်လို့ ဆိုပါတယ်။




Photo: gadgettendency


           5G ဖုန်းတွေထဲမှာ iPhone 12 mini ဟာ ၁၃၅ ဂရမ် အလေးချိန်ရှိပေမယ့် 2227mAh ဘက်ထရီအသေး သုံးထားတာပါ။ ၁၄၁ ဂရမ်အလေးချိန်ရှိတဲ့ iPhone 13 mini မှာလည်း သုံးထားတဲ့ ဘက်ထရီဟာ 2438mAh နဲ့ လာတာ ဖြစ်ပါတယ်။ Screen Size မှာလည်း SHARP Aquos Zero 6 ဟာ မျက်နှာပြင် ၆.၄ လက်မ OLED display သုံးထားတာ ဖြစ်ပြီး iPhone mini မော်ဒယ်တွေကတော့ အသေးစား ၅.၄ လက်မ Screen နဲ့ ထွက်ထားတာပါ။ Aquos Zero 6 ဟာ ဖုန်းမှန်ကို အကြမ်းခံမှုအမြင့်ဆုံး Gorilla Glass Victus အုပ်ထားပြီး fingerprint scanner ကို မှန်ပြင်အောက်မှာ ထည့်ပေးထားပါတယ်။ 

           Aquos Zero 6 ဟာ 240Hz refresh rate ၊ 2340 x 1080p (FHD+) display နဲ့လာတာ ဖြစ်ပြီး processor အနေနဲ့ Snapdragon 750G chipset သုံးထားပါတယ်။ RAM/storage အနေနဲ့ LPDDR4x RAM 8GB နဲ့ 128GB UFS 2.2 storage သုံးထားပါတယ်။ ရှေ့ Screen မှာ waterdrop notch နဲ့အတူ 12.6MP selfie ကင်မရာ ပါရှိပါတယ်။ ကျောဘက်မှာ စတုရန်းကင်မရာအိမ်နဲ့အတူ 48MP main sensor ၊ 8MP ultra-wide lens ၊ 8MP 2x telephoto နဲ့ ToF sensor ဆိုပြီး ကင်မရာလေးလုံးတွဲ သုံးထားပါတယ်။

           ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ dual-band WiFi ၊ 5G ၊ Bluetooth 5.1 ၊ NFC support နဲ့ USB Type-C port တို့ ပါရှိပါတယ်။ တခြား features တွေအဖြစ် 1TB storage အထိ ထပ်တိုးနိုင်မယ့် microSD card ၊ in-display fingerprint sensor နဲ့ IP68 ရေစိုဖုန်တင်ခံမှုလည်း ပါဝင်မှာပါ။ Android 11 စနစ် သုံးထားပြီး အနက် ၊ အဖြူနဲ့ ခရမ်းရောင် ၃ မျိုးနဲ့ ထုတ်ထားတဲ့ Aquos Zero 6 ရဲ့ ဈေးနဲ့ ထွက်မယ့်ရက် မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က