မေကြီးကို ဆုံးရှုံးဖို့ အဆင့်သင့် မဖြစ်သေးဘူး။

မွေးရပ်မြေရဲ့ အဝေးမှာ ရုန်းကန်နေရတဲ့ သရုပ်‌ဆောင် ဥက္ကာမင်းမောင်ဟာ ဒီနေ့မှာ သူရဲ့ ပရိသတ်တွေကို မရှက်မရွံ့ပဲနဲ့ သူရဲ့ ဘဝအခက်အခဲတွေ အကြောင်းကို ဖွင့်ဟ ပြောပြခဲ့ပါတယ်။

Photo : ဥက္ကာမင်းမောင် Fb

ဥက္ကာမင်းမောင်ဟာ ဒီ‌နေ့ (ဖေဖော်ဝါရီ ၁၄) ရက် မနက်ပိုင်းလောက်မှာ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ တစ်ဆင့် မိသားစုမှာ အကြွေးပေါင်း သိန်းတစ်သောင်းတစ်ထောင်ကျော်လောက် ရှိကြောင်းနဲ့ မိခင်ဖြစ်သူမှာ ကင်ဆာနောက်ဆုံးအဆင့် အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ကြောင်းကို စိတ်မကောင်းစွာနဲ့ အသိပေးခဲ့တာပါ။


“ ဒီနေ့ အမေနဲ့ စကားပြောဖြစ်တော့ အမေရဲ့ ကင်ဆာရောဂါက နောက်ဆုံးအဆင့် ဖြစ်နေပြီလို့ ပြောတယ်။ အရင်က မေကြီးက ကင်ဆာကြောင့်ပဲ ရင်သားခွဲခဲ့ဖူးတယ်။ အခုလည်း အမေ့ရဲ့ကျန်းမာရေးအခြေအနေကို အမြဲတမ်း checkup လုပ်နေတာပဲ ဒါပေမယ့် အမေ့ရဲ့ ကင်ဆာအမျိုးအစားက ပျံ့နှုန်းမြန်တဲ့ အမျိုးအစားဖြစ်နေတယ်၊ ဒီလောက်ထိ မြန်သွားလိမ့်မယ်လို့လည်း မမျှော်လင့်ထားဘူး။ ကျွန်တော် မေကြီးကို ဆုံးရှုံးဖို့အတွက် အဆင့်သင့်မဖြစ်သေးဘူး။ မေကြီးနဲ့မတွေ့ရတာ လည်း (၃)နှစ်ရှိသွားပြီ။ဖေကြီးကိုလည်း လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်လောက်က ကင်ဆာနဲ့ ဆုံးရှုံးခဲ့ရတာ။ အဲ့တုန်းက အဖေကင်ဆာ ဖြစ်တော့ ကျွန်တော်တို့ နေတဲ့ အိမ်ကို ဘဏ်မှာပေါင်းပြီး ဆေးကုတယ်။ အဖေက ဝင်ငွေကောင်းတော့ အချိန်တစ်ခုကြာရင် ပေးနိုင်မယ်ပေ့ါနော်။ဒါပေမယ့် အဖေ့ရောဂါ ကုရင်းကုရင်း သိန်းထောင်နဲ့ချီကုန်ခဲ့တယ်။နောက်ဆုံးအဖေ ၂၀၁၆မှာ ဆုံးသွားတော့ ကျွန်တော်တို့ မိသားစုမှာ ဘဏ်ကြွေးတွေ ရှိနေခဲ့တယ်။ အဖေဆုံးပြီးတော့ အဖေရဲ့ လုပ်ငန်းတွေက ပုံမှန်လည်ပတ်နေတော့ အချိန်တစ်ခုကြာရင် ပုံမှန်ပေးနိုင်မယ်လို့ ထင်ခဲ့ပေမယ့် Covid တွေဖြစ်နဲ့ မမျှော်လင့်တဲ့ အခြေအနေတွေ ဖြစ်လာတော့ ကျွန်တော်တို့မိသားစု စီးပွားရေးက လုံးဝကို ရပ်သွားခဲ့တယ်။ ဒါပေမယ့် ဘဏ်ကြွေးတွေကတော့ တက်နေဆဲပေ့ါ” ဆိုပြီး သူကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြခဲ့တာပါ။

Photo : ဥက္ကာမင်းမောင် Fb

သူ့အနေနဲ့ ပြည်ပမှာ တစ်နေ့ အလုပ်နှစ်ခုလုပ်ရင်း မိခင်ဖြစ်သူရဲ့ ရောဂါကို ကုသဖို့ အတွက် ရုန်းကန် ပေးနေတယ်လို့ ဆိုပါတယ်။ သူတို့မိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုလည်း တဖြေးဖြေးရောင်းကာ ဘဏ်တိုး ပေးနေခဲ့ပေမယ့်လည်း ပိုင်ဆိုင်မှုတွေသာ ကုန်သွားပြီး ဘဏ်တိုးက လျော့မသွားပဲ ပေးရမယ့် ပမာဏသာ များလာကြောင်း ရင်ဖွင့်ခဲ့ပါသေးတယ်။


 “ ကျွန်တော် ဒီအခက်အခဲတွေကို သားကြီးတစ်ယောက်အနေနဲ့ ဘယ်လိုဖြေရှင်းရမလဲစဥ်းစားတယ်။ ကိုဗစ်မဖြစ်ခင်က မြန်မာပြည် ပြန်လာပြီးစီးပွားရေး လုပ်မယ်ပေ့ါစီစဥ်ထားသမျှ အကုန်ပျက် ကျွန်တော့အနေနဲ့ အဝေးကနေ ဘာမှ မလုပ်ပေးနိုင်ဘူး။ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ ခြံတွေကလည်း အခုထိ ရောင်းမထွက်သေးဘူး။ အဲ့ဒါကြောင့် ကျွန်တော် စာအုပ်ထုတ်မယ်ပေ့ါ။ ကျွန်တော့်အကြောင်း ရေးထားတဲ့ စာအုပ်ပါ။ဒီစာအုပ်က အချစ်ဇာတ်လမ်းတစ်ခုတည်း မဟုတ်ပါဘူး မြန်မာနိုင်ငံက LGBT တွေရဲ့ ဘဝကိုပိုပြီး နားလည်မှုတိုးပွားလာစေဖို့ ရည်ရွယ် ချက်တွေပါပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဒီစာအုပ်လေး ရောင်းရရင် ကျွန်တော်တို့အိမ်မှာ ရင်ဆိုင်နေရတဲ့ အကြွေးပြဿနာတစ်ပိုင်းတစ်စ နဲ့ မေကြီး အသက်ကို နည်းနည်းလေး ဆွဲဆန့်လို့ရရင် ကျေနပ်ပါပြီ” ဆိုပြီး စာအုပ်ထုတ်မယ့် ရည်ရွယ်ချက်လေးကိုလည်း ဝမ်းနည်းစွာနဲ့ ပြောပြခဲ့ပါတယ်။

Photo : ဥက္ကာမင်းမောင် Fb

ဥက္ကာမင်းမောင်ရဲ့ ကိုယ်တိုင်ရေး ဝတ္ထုကို “166 days with you” လို့ ပေးထားပြီး ၂၀၂၂ ခုနှစ်က ထွက်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အကြောင်းအရင်း အမျိုးမျိုးကြောင့် မထွက် ဖြစ်ခဲ့ပေမယ့် မကြာခင်မှာ စာအုပ်ထွက်နိုင်ဖို့ သူ့အနေနဲ့ အမြန်ဆုံး ကြိုးစားသွားမှာ ဖြစ်ကြောင်း သူရဲ့ ဗီဒီယိုထဲမှာ ပြောပြခဲ့ပါသေးတယ်။


 ဥက္ကာမင်းမောင်ကို Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲ့ဒီနောက် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးထားတာကို တွေ့ရပါတယ်။ သူဟာ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေ နဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားခဲ့သူဖြစ်ပြီး 18 Album ကိုလည်း ထွက်ရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက အနုပညာအလုပ်တွေလည်း လုပ်ကိုင်လျှက်ရှိသလို New York မှာရှိတဲ့ အနုပညာလောကထဲကိုလည်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူဟာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ 'Dead Of Night' Short Film မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Share

Loading Next Article...
က္က