ဘာစီလိုနာလေ့ကျင့်ရေးကွင်းရှေ့မှာဖြစ်ပွားခဲ့တာပါ။

မနေ့ကဘာစီလိုနာလေ့ကျင့်ရေးကွင်းကို လာရောက်တဲ့အချိန်မှာ ဖရန်ကီဒီဂျောင်ကို ဘာစီလိုနာပရိသတ်တစုက လေ့ကျင့်ရေးကွင်းရှေ့ကနေ စောင့်ကြိုပြီး လစာလျှော့မယူတဲ့ကိစ္စအတွက် ဆန့်ကျင်ဆဲဆိုမှုတွေပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီဂျောင်ဟာ လက်ရှိအချိန်ထိ ဘာစီလိုနာမှာ လစာကိစ္စမပြေလည်သေးဘဲ အသင်းမှာဆက်နေရင်း တင်းခံနေတာဖြစ်ပါတယ်။



ဒီကစားသမားကို လစာလျှော့ယူပေးဖို့ ဒါမှမဟုတ် အသင်းကနေထွက်သွားပေးဖို့ ဘာစီလိုနာဘက်က စည်းရုံးနေပေမယ့် ကစားသမားဘက်ကတော့ သူရရှိဖို့ကျန်တဲ့ လစာအကြွေး ပေါင် (၁၇) သန်းဝန်းကျင်ကို ရရှိမှသာ အသင်းကထွက်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဘာစီလိုနာကတော့ ဒီဂျောင်နဲ့ ပိုင်ရှင်ဟောင်း ဘာတိုမြူတို့ဘုတ်အဖွဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်အပိုင်းမှာ ဥပဒေအရ မလွတ်ကင်းတဲ့ အချက်တွေပါနေတာကြောင့် မူလစာချုပ်အတိုင်း လစာလျှော့မယူရင် တရားစွဲမယ်လို့ ခြိမ်းခြောက်ထားပါတယ်။


ဘာစီလိုနာရဲ့ ခြိမ်းခြောက်မှုကြောင့် ပီကေး၊ လန်းဂ်လတ်၊ တာစတီဂန်တို့က ဒါကို လိုက်လျော့ခဲ့ပေမယ့် ဒီဂျောင်ကတော့ အခုချိန်ထိ ဘာစီလိုနာအတွက် ကြီးမားတဲ့ပြဿနာအဖြစ်ရှိနေဆဲပါ။ အဲ့ဒါကြောင့်လည်း ဘာစီလိုနာပရိသတ်တွေက လေ့ကျင့်ရေးကွင်းရှေ့မှာ ဒီဂျောင်ကို လာရောက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဒီဂျောင်ရဲ့ကားရောက်ရှိလာချိန်မှာ ပရိသတ်တယောက်က “မင်းလစာကိုလျှော့ယူစမ်း” လို့ဆိုကာ ဆဲဆိုတဲ့အသုံးအနှုန်းတွေနဲ့ ဒီဂျောင်ကို တိုက်ခိုက်ခဲ့ပါတယ်။

ဒီဂျောင်ကိုရောင်းချဖို့အတွက် ဘာစီလိုနာဘက်က အဆင်သင့်ဖြစ်နေပြီး ယူနိုက်တက်နဲ့ သဘောတူညီမှုရရှိပြီးဖြစ်သလို ချဲလ်ဆီးကလည်း ဒီဂျောင်အတွက် ဘာစီလိုနာ အလိုရှိတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်တဲ့ အနေအထားမှာရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီဂျောင်နဲ့ သူ့ရဲ့အေးဂျင့်ကိုယ်တိုင်က အကြွေးမရသရွေ့ နောက်ဆုံးအချိန်ထိ တင်းခံနေဖွယ်ရှိပါတယ်။

အခု လာမယ့်အပတ်မှာ လာလီဂါပွဲစဥ်တွေကို စတင်တော့မှာဖြစ်ပြီး ဘာစီလိုနာက သူတို့ရဲ့ ကစားသမားသစ်တွေကို တရားဝင်မှတ်ပုံတင်နိုင်ခြင်းမရှိသေးပါဘူး။ အဲ့ဒါကြောင့်လည်း ကစားသမားသစ်တွေထဲက ခရစ္စတန်ဆန်၊ ကက်ဆီတို့က စနေနေ့အထိ သူတို့ကိုအသင်းဘက်က မှတ်ပုံမတင်နိုင်ရင် အသင်းက ပြန်လည်ထွက်ခွာသွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က