ဘာစီလိုနာတို့ အသင်းပေါင်းစုံကို အကြွေးလိုက်တင်နေတာပါ။

နောက်ဆုံးထွက်ပေါ်လာတဲ့ စာရွက်စာတမ်းအချက်အလက်တွေအရ ဘာစီလိုနာတို့ မတူညီတဲ့ ကလပ်အသင်းတွေကို အကြွေးပေးချေစရာ များစွာရှိနေကြောင်း သိရှိရပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ်နွေရာသီကတည်းက ဘဏ္ဍာရေးပြဿနာတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာပါ။



ဘာစီလိုနာအနေနဲ့ အသင်းက ကစားသမားတွေကို လစာငွေလျှော့ချတာ၊ ရုပ်သံမူပိုင်ခွင့် ရောင်းချတာမျိုးလို ပုံစံအမျိုးမျိုးနဲ့ ဖြေရှင်းခဲ့ရပါတယ်။ တစ်ဖက်မှာလည်း ဘာစီလိုနာက ကစားသမားတွေကို စဉ်ဆက်မပြတ် ခေါ်ယူအားဖြည့်ခဲ့ပါတယ်။
ဒါပေမယ့် အလွတ်ပြောင်းရွှေ့ကြေး၊ အငှားစာချုပ်တွေနဲ့သာ ခေါ်ယူခဲ့တာပါ။ အခု ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ ဘာစီလိုနာဟာ ဖရန်ကီဒီဂျောင်ကို ခေါ်ယူခဲ့တုန်းက သဘောတူညီချက်အရ လက်ရှိအချိန်မှာ အေဂျက်စ်ကို တစ်နှစ် ယူရို (၁၆) သန်း ဝန်းကျင် အကြွေးတင်နေတယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် နက်တို၊ အီမာဆင်ရွိုင်ရယ်၊ ပီယာနစ်တို့ကို ခေါ်ယူခဲ့တုန်းက အကြွေးတွေလည်း မကျေနိုင်သေးဘဲ ရာဖင်ညာကို ခေါ်ယူခဲ့တဲ့အတွက် လိဒ်စ်ကို ယူရို (၃၈) သန်း၊ ကွန်ဒေးအတွက် ဆီဗီလာကို ယူရို (၂၄) သန်း အကြွေးတင်ရှိနေပါတယ်။ ဖာရန်တောရက်စ်ကို ခေါ်ယူခဲ့တဲ့အပြောင်းအရွှေ့မှာလည်း မန်စီးတီးကို ဘာစီလိုနာတို့ ယူရို (၂၆) သန်း အကြွေးကျန်ရှိနေတာပါ။
ဘာစီလိုနာဟာ မတူညီတဲ့ အသင်း (၇) သင်းကိုလည်း အကြွေး ပေါင် (၅) သိန်း ကျန်ရှိနေကြောင်း သိရှိရပါတယ်။ ဘာစီလိုနာတာဝန်ရှိသူတွေကလည်း ဒီအကြွေးတွေကိုသာ မပေးချေနိုင်ခဲ့ရင် လာမယ့် အပြောင်းအရွှေ့ရာသီတွေမှာ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံရမှာကို ကြိုတင်တွက်ဆထားကြကြောင်း သိရှိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က