ကစားသမားတွေကလည်း အသင်းကထွက်ခွာဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပြီးနောက် အသင်းရဲ့ ဘဏ်အကောင့်ကိုလည်း Barclays က ယာယီဆိုင်းငံ့မှုတွေပြုလုပ်လိုက်တယ်လို့ သိရပါတယ်။ သူတို့ရဲ့ အကြွေးဝယ်ကတ်ကိုလည်း Barclays က ယာယီသိမ်းဆည်းမှုပြုလုပ်လိုက်တာကြောင့် ချယ်လ်ဆီးဟာ အသင်းဘတ်စ်ကားအတွက် လောင်စာဆီတောင် မဝယ်နိုင်ခဲ့ဘူးလို့ The Athletic UK က ဖော်ပြခဲ့ပါတယ်။ 

ကလပ်အသင်းရဲ့ ကုမ္ပဏီအကြွေးဝယ်ကတ်ဟာ အသင်းဘတ်စ်ကားအတွက် လောင်စာဆီ၊ နေ့စဉ်ထိန်းသိမ်းမှုနဲ့ အခြားအသေးသုံးစရိတ်တွေအတွက် ငွေတောင်းခံလွှာတွေ ပေးဆောင်ခွင့်ပြုထားတာဖြစ်ပါတယ်။ ဒါဟာ ကရင်မ်လင်လိုလားသူ ရုရှားခရိုနီတဦးလို့ ဖော်ပြခံထားရတဲ့ ရိုမန်အေဘရာမိုဗစ်ကို ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ချယ်လ်ဆီးတို့ ထိခိုက်ခဲ့မှုတွေက တခုလည်းဖြစ်ပါတယ်။ 

အခုလိုမျိုး အခက်တွေ့လာမှုက ချယ်လ်ဆီးနဲ့ အသင်းအားပေးသူပရိသတ်တွေအတွက် ပိုမိုပြီးစိတ်ပျက်စရာဖြစ်လာခဲ့ရပါတယ်။ အသင်းရဲ့ အနေအထားပျက်စီးမယ့်အရေးအပေါ်မှာ ပရိသတ်တွေက စိုးရိမ်မှုတွေရှိနေခဲ့ကြပြီး ဒဏ်ခတ်ပိတ်ဆို့မှုအပေါ်မှာ တချို့က ဆန့်ကျင်မှုတွေပြုလုပ်ခဲ့ကာ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

ကံကောင်းတာကတော့ လာမယ့်ချန်ပီယံလိဂ်ပွဲအဖြစ် လိုင်လီနဲ့ ပြင်သစ်မှာကစားရမယ့် ပွဲစဉ်အတွက် အသုံးစရိတ်တွေကို ကြိုတင်ပြီးရရှိထားတာဖြစ်လို့ အသင်းအနေနဲ့ ပုံမှန်အတိုင်း အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။ အခုလိုမျိုး ဘဏ်အကောင့်တွေကိုပါ ပိတ်ဆို့လိုက်မှုက ချယ်လ်ဆီးကို ဘဏ္ဍာရေးအကျပ်အတည်းပါဖြစ်စေတော့မှာဖြစ်ပြီး ကြီးမားတဲ့အခက်အခဲတွေကို ရင်ဆိုင်စေရမှာ သေချာပါတယ်။ 

ကစားသမားတချို့ကလည်း လက်ရှိအခြေအနေတွေကြောင့် သူတို့ရဲ့ရှေ့နေတွေနဲ့ တိုင်ပင်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ အသင်းကထွက်ခွာနိုင်ဖို့အတွက် စာချုပ်ဖျက်သိမ်းဖို့နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ Telegraph Football က ဖော်ပြခဲ့ပါတယ်။

Share

Loading Next Article...
က္က