ဘန်လေနဲ့ပွဲမှာ မာနေးနဲ့ အချင်းများခဲ့ပါတယ်။

ဘန်လေကို ၃ ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာ မာနေးကို ဘောလုံးပေးလိုက်ရင် ဂိုးရဖို့ ပိုလွယ်မယ်ဆိုတာ သိပေမယ့် လည်း ကိုယ်တိုင် ကန်သွင်းဖို့ ကြိုးစားခဲ့တဲ့ ဆာလာကို အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက ပြစ် တင်ဝေဖန်လိုက်တာပါ။

အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါးက ဘန်လေကို ၃-၀ နဲ့နိုင်တဲ့ပွဲမှာအသင်းဖော် မာနေးကို ဘောလုံးပေးပို့ခြင်းမရှိခဲ့တဲ့ လီဗာပူး တိုက်စစ်မှူး ဆာလာကို ဂိုးသွင်းဖို့လောက်သာ စိတ်ထဲ အရမ်း တွေးထားတဲ့သူလို့ ပြစ်တင်ဝေဖန်ခဲ့တဲ့ အကြောင်း Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။



ဆာလာကတော့ မာနေးကို ဘောလုံးပေးလိုက်ရင် ဂိုးရဖို့ ပိုလွယ်မယ်ဆိုတာ သိလျက်နဲ့ ဘောလုံးပေးပို့ခဲ့ခြင်းမ ရှိပဲ ကိုယ်တိုင်ပဲ ကန်သွင်းခဲ့တာကြောင့် မားနေးအနေနဲ့ စိတ်ဆိုးဒေါသထွက်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတာပါ။

ဒါပေမယ့်လည်းနည်းပြ ကလော့ပ်ကတော့ သူ့အသင်းသား နှစ်ဦးအနေနဲ့ အဝတ်လဲခန်းထဲ အရောက်မှာပဲ ပြန်လည်သင့်မြတ်သွားခဲ့ပြီလို့ မီဒီယာကို ဖြေကြားထားပါတယ်။

အာစင်ဝင်းဂါးကတော့ ဆာလာကို မက်ဆီနဲ့ နှိုင်းယှဉ်ပြောခဲ့ပြီး ဆာလာဟာ မက်ဆီနဲ့ မတူတဲ့အချက်က မပြောင်းလဲပဲ ဘောလုံး မကစားနိုင်တာပဲလို့ ထောက်ပြ ဝေဖန်ခံတာပါ။



“သူက မက်ဆီနဲ့ ဆင်တူကောင်းဆင်တူပါလိမ့်မယ်၊ ဒါပေမယ့် မက်ဆီနဲ့ ကိုက်ညီတဲ့ အချက်ကိုတော့ ရှာပြရပါ လိမ့်မယ်။ကျွန်တော်ကတော့သူ့ကို အဆုံးသတ်ကောင်းမွန်သူလို့ သတ်မှတ်ပါတယ်၊ ဒါပေမယ့် မက်ဆီက ပြီး ပြည့်စုံသူပါ။ အဆုံးသတ်ဂိုးတွေကိုလည်း လှပစွာ အဆုံးသတ်နိုင်သူပါ။ ဆာလာကတော့ ဂိုးသွင်းခါနီးတိုင်း ဂိုးရ လိုစိတ်စောနေတာကို တွေ့မြင်နေရပါတယ်။” လို့ ဝင်းဂါးက beIN Sport သတင်းဌာနမှာ သုံးသပ်စဉ် ပြောသွား တယ်လို့သိရပါတယ်။

အာစင်ဝင်းဂါးကတော့အာာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၁၈ ဘောလုံးရာသီမစတင်ခင်မှာ နည်းပြဘဝကနေ အနားယူထားသူဖြစ်ပြီး လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ တော့ သူ့ကို ဘောလုံးအသင်းနဲ့အတူ ပြန်မြင်တွေ့ဖွယ်ရှိနေတယ်လို့လည်း ကိုယ်တိုင် အရိပ်အမြွက်ပြောထားသူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က