ဂျူဗင်တပ်က စပါးနဲ့လီဗာပူးပွဲကို ကင်းထောက်တွေစေလွှတ်ခဲ့တာပါ။

စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းဟာ လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာကို ခေါ်ယူဖို့အတွက် စီစဉ်နေတယ်ဆိုတဲ့သတင်းတွေကို လီဗာပူးဂန္တဝင်ကစားသမား စတိဗ်နီကိုက မေးခွန်းထုတ်ခဲ့တယ်လို့ Express ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဂျူဗင်တပ်အသင်းဟာ ပစ်မှတ်ကစားသမားတွေကို စောင့်ကြည့်ဖို့အတွက် လီဗာပူးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်ကို ကင်းထောက်တွေစေလွှတ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပြီး ကစားသမား ၄ ဦးအထိ စောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။

မိုဟာမက်ဆာလာဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီကနေတဆင့် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး အီဂျစ်လက်ရွေးစင်ကြယ်ပွင့်ဟာ ဂျူဗင်တပ်ကိုယ်စားလှယ်တွေရဲ့ စောင့်ကြည့်ခြင်းကိို ခံခဲ့ရတယ်လို့ Tuttosport က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးအသင်းအတွက် ၁၉၈၁ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အတွင်း ၄၆၈ ပွဲ ပါဝင်ကစားပေးခဲ့ပြီး လိဂ်ချန်ပီယံရှစ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်နဲ့ ဥရောပဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ စတိဗ်နီကိုက အခုအချိန်မှာ မိုဟာမက်ဆာလာက မာဆေးဆိုက်ကနေ တူရင်ကို ပြောင်းရွှေ့ရမှာလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။



“ဘာကြောင့် သူ ဂျူဗင်တပ်အသင်းကို သွားချင်ရမှာလဲ။ ကျွန်တော့်ကို တစ်ယောက်လောက် ပြောပြနိုင်မလား”

“ဂျူဗင်တပ်ကို မလေးစားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာ သူက ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ဥရောပချန်ပီယံအသင်းနဲ့အတူ ကစားနေတာလေ။ ဘာကြောင့် တူရင်ကို သွားရမှာလဲ”လို့ ပြောကြားခဲ့ပါတယ်။

မိုဟာမက်ဆာလာဟာ ၂၀၁၄ ခုနှစ်မှာ ချယ်ဆီးအသင်းကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့ ငြင်းပယ််ခဲ့ပြီးနောက် ရိုးမားအသင်းမှာ ၂ ရာသီခွဲကြာ သွားရောက်ကစားခဲ့သူဖြစ်ပြီး ချယ်ဆီးအသင်းအတွက် ၁၉ ပွဲမှာ ၂ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။

Share

က္က