ကော်တင်ဟိုကို ခေါ်ယူခဲ့စဉ်က စည်းကမ်းသတ်မှတ်ခဲ့တာပါ။

ကော်တင်ဟိုကို ခေါ်ယူခဲ့စဉ်က သဘောတူညီချက်အရဖြစ်ပြီး နူးကမ့်ကလပ်အတွက် လီဗာပူးလ်ကစားသမားတွေကို ခေါ်ယူဖို့ရာ အခက်အခဲအဖြစ်ရှိနေခဲ့ပါတယ်။ 


ဘာစီလိုနာအသင်းဟာ လီဗာပူးလ်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဆာဒီယိုမာနေး၊ မိုဟာမက်ဆာလာတို့ကို ဝယ်ယူခဲ့မယ်ဆိုပါက စျေးကွက်ပေါက်စျေးထက် ပေါင် ၈၉သန်းအထိ ပိုမိုပေးချေရလိမ့်မယ်လို့ Mirror က ဖော်ပြသွားခဲ့ပါတယ်။ ဒါဟာ ကော်တင်ဟိုကို ခေါ်ယူခဲ့စဉ်က သဘောတူညီချက်အရဖြစ်ပြီး နူးကမ့်ကလပ်အတွက် လီဗာပူးလ်ကစားသမားတွေကို ခေါ်ယူဖို့ရာ အခက်အခဲအဖြစ်ရှိနေခဲ့ပါတယ်။ 

ကော်တင်ဟိုကို ပေါင် ၁၄၅သန်းနဲ့ ခေါ်ယူခဲ့တုန်းက လာမယ့် ၃နှစ်အတွင်းမှာ အခြားသောလီဗာပူးလ်ကစားသမားတစ်ဦးဦးကို ခေါ်ယူခဲ့မယ်ဆိုရင် စျေးကွက်ပေါက်စျေးက ပေါင် ၈၉သန်းအထိ ပေးချေရမယ်လို့ သဘောတူညီထားခဲ့တာဖြစ်ပါတယ်။ ဒီသဘောတူညီမှုက ၂၀၂၁ခုနှစ်အထိ အသက်ဝင်နေဦးမှာဖြစ်ပြီး ဘာစီလိုနာအတွက်တော့ ကိုယ့်ရှူးကိုယ်ပတ်ကိန်းဆိုက်နေခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာ မာနေးရဲ့ စျေးကွက်ပေါက်စျေးက Transfermarkt ရဲ့ ဖော်ပြချက်မှုမှာဆိုရင် ပေါင် ၁၃၅သန်းအထိ ရှိနေပါတယ်။ ဒါကြောင့် မာနေးကို ခေါ်ယူမယ်ဆိုရင် စုစုပေါင်း ပေါင် ၂၂၅သန်းအထိ ဘာစီလိုနာက ပေးချေရမှာဖြစ်ပြီး မိုဟာမက်ဆာလာကလည်း မာနေးနဲ့ တန်ဖိုးတူညီနေလို့ ပေါင် ၂၂၅သန်းပေးချေမှသာ ဘာစီလိုနာက ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ 

ဒီရာသီမှာ ဆွာရက်ဇ်က ဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရလို့ ဘာစီလိုနာတိုက်စစ်ပိုင်းမှာ အခက်အခဲတွေဖြစ်နေခဲ့ရပါတယ်။ ဒါ့အပြင် တောင်ပံတိုက်စစ်ကစားသမားဒမ်ဘီလီကလည်း မကြာခဏဒဏ်ရာရရှိနေခဲ့လို့ ဘာစီလိုနာတို့တိုက်စစ်ပိုင်းအခက်တွေ့ခဲ့ရကာ အရေးပေါ်ခေါ်ယူမှုအဖြစ် လီဂါနက်စ်တိုက်စစ်မှူးဘရိတ်ဝေ့(တ်)ကို ခေါ်ယူခဲ့ရပါတယ်။ 

မာနေး နဲ့ ဆာလာတို့က ဘာစီလိုနာရဲ့ တောင်ပံတိုက်စစ်ပိုင်းတွေကို အကောင်းဆုံးအစားထိုးမှုအဖြစ် ရှိလာနိုင်ပေမယ့်လည်း စည်းကမ်းချက်အတိုင်း ပေါင် ၈၉သန်းအထိ ပိုပေးရမှာဖြစ်လို့ ဘာစီလိုနာဘက်က လက်ရှောင်ခဲ့ဖွယ်ရှိတယ်လို့ စပိန်သတင်းဌာနတွေကလည်း ဖော်ပြခဲ့ပါတယ်။ လီဗာပူးလ်အတွက်ကတော့ သူတို့ရဲ့အဓိကကစားသမားတွေကို ဘာစီလိုနာရဲ့ ဆွဲဆောင်မှုကနေ အကောင်းဆုံးကာကွယ်ထားနိုင်မှုဖြစ်ခဲ့ပါတယ်။


Share

က္က