အံ့အားသင့်ဖွယ်ရာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုကတော့ သူ့ရဲ့အလန်းစားဘော်ဒီကို ပြသပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြန်ပါပြီ။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ လာမယ့်ရာသီသစ်အတွက် ပြင်ဆင်မှုတွေကို စတင်နေပြီဖြစ်ပြီး ထုံးစံအတိုင်း သူ့ရဲ့ ကိုယ်ပိုင်လေ့ကျင့်မှုတွေကို နေ့စဉ်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။ 



သူ့ရဲ့ လူမှုကွန်ယက်ကတဆင့် ထုတ်ဖော်ပြသခဲ့တဲ့ ဓာတ်ပုံမှာတော့ Gym မှာ​ လေ့ကျင့်နေတဲ့ဓာတ်ပုံဖြစ်ပါတယ်။ အသက် ၃၇ နှစ်လို့ မထင်ရလောက်အောင်ကို ရော်နယ်ဒိုက ကြံ့ခိုင်သန်စွမ်းနေပြီး ခန္ဓာကိုယ်အချိုးအစားက မြင်ရသူတိုင်းကို ဟာခနဲ၊ ဟင်ခနဲဖြစ်သွားစေခဲ့ကာ အားကျစိတ်တွေလည်း ယိုဖိတ်လာစေမှာ သေချာနေပါတယ်။ 

အပေါ်ပိုင်းဗလာကျင်းထားတဲ့ သူ့ရဲ့ခန္ဓာကိုယ်ဟာ အဆီပိုလုံး၀မရှိဘဲ ကြွက်သားအစိုင်အခဲတွေနဲ့သာ ဖွဲ့စည်းထားတာကို မြင်တွေ့ခဲ့ရပါတယ်။ လူငယ်တဦးလို ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဒီလိုဖြစ်လာအောင်အတွက် သူ ဘယ်လောက်ထိ လေ့ကျင့်ခဲ့ရလဲဆိုတာကိုပါ ချက်ချက်းတန်းသိနိုင်မှာဖြစ်ကာ ဒီကစားသမားက လက်ဖျားခါလောက်အောင်ကို အားထုတ်နေခဲ့တာဖြစ်ပါတယ်။ 

လာမယ့်ရာသီအတွက် ဒါဝင်နူနက်ဇ်နဲ့ ဟာလန်းတို့လို လူငယ်တိုက်စစ်မှူးတွေက ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့ပြီဖြစ်လို့ ရော်နယ်ဒိုအတွက်တော ပြိုင်ဆိုင်မှုတွေက ပိုမိုများပြားလာခဲ့ပြီဖြစ်ပါတယ်။ ဒီအချိန်မှာပဲ သူ့ရဲ့ ကျစ်လစ်ပြီးတောင့်တင်းနေတဲ့ ခန္ဓာကိုယ်ကို ထုတ်ဖော်ပြသပြီး ရာသီသစ်အတွက် သူလည်း အသင့်ဖြစ်နေပြီလို့ ရော်နယ်ဒိုက အချက်ပြလိုက်တာလားဆိုတာ စဉ်းစားစရာပါ။ 

Share

က္က