ဗီလာကစားသမားအဖြစ် တရားဝင်ဖြစ်လာခဲ့ပါပြီ။

တချိန်က လီဗာပူးလ်နဲ့အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့တဲ့ ကော်တင်ဟိုကတော့ ဗီလာကစားသမားအဖြစ် တရားဝင်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဘာစီလိုနာကနေ ဗီလာကို ၆ လအငှားစာချုပ်နဲ့ ကော်တင်ဟိုက ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လာမယ့်ပွဲစဉ်တွေမှာ အသင်းအတွက် ပါဝင်ကစားပေးနိုင်တော့မှာလည်းဖြစ်ပါတယ်။ 

လီဗာပူးလ်မှာကစားခဲ့စဉ်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ကော်တင်ဟိုဟာ ဘာစီလိုနာကို ပေါင် ၁၄၆ သန်းနဲ့ ၂၀၁၈ မှာ ပြောင်းရွှေ့သွားခဲ့ပါတယ် ဒါပေမယ့် နူးကမ့်မှာ အဆင်မပြေမှုတွေရှိနေခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို အငှားနဲ့ပြောင်းရွှေ့ခဲ့ကာ အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီးနောက် အသင်းဟောင်းဘာကာဆီပြန်လာခဲ့ရပါတယ်။

ဗီလာအနေနဲ့ ကော်တင်ဟိုကို ခေါ်ယူချင်တယ်ဆိုရင် ရာသီကုန်မှာ ပေါင် ၃၃ သန်းနဲ့ ခေါ်ယူနိုင်မယ့် သဘောတူညီချက်လည်း ရယူနိုင်ခဲ့ပါတယ်။ ဗီလာနည်းပြစတီဗင်ဂျရတ်က သူ့ကိုအသင်းအကြောင်းနဲ့ ရည်မှန်းချက်တွေကို ပြောဆိုရှင်းပြခဲ့ပြီး သူ့အနေနဲ့ ဒီအသင်းကို ရောက်ရှိလာခဲ့တဲ့အပေါ်မှာ ကျေနပ်ပျော်ရွှင်မိတယ်လို့ အသင်းကစားသမားအဖြစ် တရားဝင်မိတ်ဆက်အပြီးမှာ​ ကော်တင်ဟိုက ပြောဆိုခဲ့ပါတယ်။ 

အသက် ၂၉ နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင်ဟာ လီဗာပူးလ်အသင်းဖော်ဟောင်းဖြစ်ခဲ့တဲ့ ဂျရတ်လက်အောက်မှာ ပြန်လည်ကစားရမှာလည်းဖြစ်ပါတယ်။ ဂျရတ်လက်ထက်မှာတော့ ဗီလာက အခြေအနေဆိုးရွားနေရာက​နေ ပြန်လည်ဦးမော့လာနိုင်ခဲ့ပေမယ့် အသင်းကြိးတွေနဲ့ ရင်ဆိုင်ထားခဲ့တဲ့ပွဲတွေမှာ ပွဲတိုင်းရှုံးနိမ့်ထားခဲ့ပြီး ပိုကောင်းတဲ့အနေအထားတခုစီ ရောက်ရှိဖို့ လူအင်အားဖြည့်တင်းနေပြီး နောက်ထပ်ပစ်မှတ်အဖြစ် အဲဗာတန်က ဒစ်ဂ်နီကို ခေါ်ယူနိုင်ဖို့နီးစပ်နေပါတယ်။ 

Share

Loading Next Article...
က္က