ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးကစားသမားဘွဲ့ကိုပါ ကိန်းက ရယူချင်နေတာပါ။

အင်္ဂလန်လက်ရွေးစင်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မကြာသေးခင်ကမှစံချိန်တင်ထားတဲ့ အသင်းခေါင်းဆောင်ဟာရီကိန်းက ပရီးမီးယားလိဂ်မှာလည်း ဂိုးသွင်းအများဆုံးကစားသမားဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်ကို ပြောခဲ့ပါတယ်။

ဟာရီကိန်းဟာ အီတလီအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ အင်္ဂလန်အတွက် အနိုင်ဂိုးသွင်းယူပြီး ၅၄ ဂိုးနဲ့ ဝိန်းရွန်နီရဲ့စံချိန်ကို ကျော်ဖြတ်ကာ အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။

ဟာရီကိန်းဟာ ဗြိတိန်ဝန်ကြီးချုပ်နဲ့ Face Time စကားပြောချိန်မှာ အလန်ရှီးယားရဲ့ပရီးမီးယားလိဂ်သွင်းဂိုး ၂၆၀ ကိုကျော်ဖြတ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောခဲ့ပါတယ်။ ဟာရီန်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၀၄ ဂိုးသွင်းယူထားပြီး သူ့ရဲ့ရှေ့မှာ ဝိန်းရွန်နီက ၂၀၈ ဂိုးနဲ့ ဒုတိယနေရာမှာ ရှိနေတာဖြစ်ပါတယ်။ ဟယ်ရီကိန်းရဲ့ ဒီစံချိန်အတွက် ဝန်ကြီးချုပ်ဆူးနတ်ခ်က သူ့ကို ချီးကျူးခဲ့ပါတယ်။ 

ရီရှီဆူးနတ်ခ်ဟာ အင်္ဂလန်အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့တဲ့ ဟာရီကိန်းကို ဂုဏ်ပြုဖို့အတွက် Face Time က တဆင့်ခေါ်ဆိုခဲ့တာဖြစ်ပြီး စပါးအသင်းတိုက်စစ်မှူးက "ပရီးမီးယားလိဂ်စံချိန်ကို ချိုးဖျက်ချင်တယ်ဆိုတာသေချာပါတယ်။ကျွန်တော်နီးကပ်လာပါပြီ။ ဒါကြောင့် ကျွန်တော်အောင်မြင်မှုရယူချင်တာ သေချာပါတယ်"လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဟာရီကိန်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းအပါအဝင် ထိပ်တန်းအသင်းတချို့ရဲ့ပစ်မှတ်အဖြစ် ရှိနေပြီး ကစားသမားနဲ့ စပါးအသင်းရဲ့ဆုံးဖြတ်ချက်အပေါ် မူတည်နေပြီဖြစ်ပါတယ်။ ကိန်းအနေနဲ့ ရှီးယားရဲ့ စံချိန်ကို လိုက်မီဖို့အတွက် ၅၆ ဂိုးသာ လိုအပ်တော့တာဖြစ်ပြီး လိုက်မီနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က