အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ

အလင်းရောင်က သူငယ်ချင်းဖြစ်သူ မေ နဲ့ ဆက်ဆံရေး အကြောင်းတွေ ပြောပြလာပါတယ် . နှစ်ယောက်အတူ အနုပညာအလုပ်တွေ လုပ်ဖို့ကိုလည်း စီစဉ်နေကြတယ်လို့ ဆိုပါတယ်.

Photo: အလင်းရောင်



သရုပ်ဆောင် အလင်းရောင်နဲ့ သရုပ်ဆောင် မေတို့ဟာ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ကြပါတယ်. နှစ်ယောက်စလုံးက အနုပညာရှင်တွေ ဖြစ်ကြတာ ကြောင့် တစ်ယောက်နဲ့ တစ်ယောက် အလုပ်ကိစ္စတွေမှာ အချင်းချင်း တိုင်ပင်ဖြစ်ကြတယ်လို့ မီဒီယာတွေကနေတဆင့် အလင်းရောင်က ပြောပြခဲ့ပါတယ်.

'' သူက သရုပ်ဆောင်လိုင်းဘက်ကို သိပ်ပြီးတော့ မလုပ်ချင်ဘူး. ပိုပြီးတော့ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်ချင်တယ်. ကျွန်တော်ကတော့ အကြံပေးတာပေါ့နော်. နှစ်ခုစလုံး လုပ်ပေါ့. ဇာတ်ကားတွေ ထွက်လာရင်လည်း ကြည့်လို့ရပါတယ်. ဒီလိုတော့ အကြံပေးဖြစ်တာလေးတွေ ရှိပါတယ်. ကျွန်တော်လည်း စိတ်ရှုပ်စရာ ရှိတာမျိုးတွေဆိုရင် ပြန်ပြီး တိုင်ပင်ဖြစ်ပါတယ်'' လို့ဆိုပါတယ်.

Photo: အလင်းရောင်

အလင်းရောက်ဟာ ရုပ်ရှင်ဇာတ်ကား တွေလည်း ဆက်တိုက်ရိုက်ကူးနေရတာဖြစ်သလို ဂီတနဲ့ ပတ်သက်ပြီး Oh.My Crush ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးလည်း ထွက်ရှိထားပါတယ်. သရုပ်ဆောင် မေကလည်း သရုပ်ဆောင်ဘက်မှာရော ဂီတဘက်မှာပါ ကြိုးစားနေတဲ့ သူဖြစ်တာကြောင့် နှစ်ယောက်ပေါင်း ပြီး အနုပညာအလုပ်ဆောင်ရွက်ဖို့ကိုလည်း စီစဉ်နေတယ်လို့ ဆိုပါတယ်.

'' နှစ်ယောက်ပေါင်းလုပ်ဖို့ဆိုပြီးတော့ စီစဉ်နေတာတော့ ကြာပါပြီ. နှစ်ယောက်စလုံးကလည်း စဉ်းစားမယ်ဆိုပြီးတော့ တွေ့ကြတာမျိုးပဲရှိတာ ပြီးတော့လည်း မလုပ်ဖြစ်ဘူး'' ဆိုပြီးတော့ ပုံရိပ် ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်.

Photo: အလင်းရောင်

တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြ. ပျော်ပျော်ရွှင်ရွှင် တွေ့ရလေ့ရှိတဲ့ အလင်းရောင်နဲ့ မေ တို့ရဲ့ သူငယ်ချင်းနှစ်ဦးမှာတော့ အလင်းရောင်က စိတ်ကောက်တတ်တယ်လို့ သိရပါတယ်.စိတ်ကောက်ရခြင်းရဲ့ အကြောင်းအရင်းကိုလည်း အလင်းရောင် ကိုယ်တိုင်က ဆက်လက်ပြောပြလာပါသေးတယ်.

'' သူက တစ်ခါတလေကျရင် ဒီနေရာသွားမယ် လိုက်ခဲ့ဆိုရင် မလိုက်ဘူး. မလိုက်တော့ဘူး. မအားတော့ဘူးပေါ့. နောက်ပိုင်း သူတို့နဲ့ Chat Box မှာ စကားလာပြောလို့ ပြန်မပြောတဲ့ အခါမျိုးမှာသာ လိုက်တာပေါ့. အဲ့ဒါကြောင့်မို့လို့ပါ'' လို့ သူကဆိုပါတယ်.

Photo: အလင်းရောင်

သရုပ်ဆောင် အလင်းရောင်ကိုရော၊ သရုပ်ဆောင် မေ ကိုပါ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အားပေးလာခဲ့ကြ တာဖြစ် ပါတယ်။ အဲ့ဒီနောက် အနုပညာသက်တမ်း ကြာလာတာနဲ့ အမျှ နှစ်ယောက်စလုံးရဲ့ အနုပညာအရည်အသွေးတွေကို ပရိသတ်တွေလက်ခံလာ ကြတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က