ဦးကျော်သူက သရုပ်ဆောင် အလင်းရောင်၊ သရုပ်ဆောင် ပြေဇင်တို့နဲ့ အတူ ဒုတိယမြောက် ရုပ်ရှင်ကားကြီး ပုံဖော်ရိုက်ကူးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
Photo: Kyaw Thu
ဦးကျော်သူက ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ ‘’ဝရဇိန်’’ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဒုတိယမြောက် ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ ‘’ဂမ္တီရ မျက်လုံး’’ လို့ နာမည်ပေးထားတာကို တွေ့ရပါတယ်။
‘’အလုပ်လုပ်တာ ကလေးကစားနေတာ မဟုတ်ဘူး။ အပျော်ဆော့နေတာ မဟုတ်ဘူး၊ အချိန်၊ငွေ ၊လူအင်အားနဲ့ဆိုတော့ကာတိတိကျကျ၊တာဝန်ကျေကျေ၊သစ္စာရှိရှိ၊ပီပီပြင်ပြင်၊ပြတ်ပြတ်သားသား၊စေတနာပါပါသီလလုံခြုံစွာဖြင့် လုပ်ရတယ်ဆိုတဲ့ ဖခင်ကြီး၏သြဝါဒအတိုင်း ဒုတိယအကြိမ်မြောက်အနုပညာခြေလှမ်းအဖြစ်"ဂမ္ဘီရ မျက်လုံး" တည်းဟူသောရုပ်ရှင်ဇာတ်ကားကြီးအား စတင်နိုင်ရန် စားပွဲပေါ်ဓါး၊သေနတ်၊တုတ်ကိုင်၍အကြေအလည် စတင်ဆွေးနွေးနေပြီဖြစ်သည်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီ မိနစ်၅၀ က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Kyaw Thu
အဲဒီနောက် ‘’ဂမ္တီရ မျက်လုံး’’ ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းပြင်ဆင် ဖတ်ရှုနေကြတဲ့ အမှတ်တရ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။ ဒီ ဓာတ်ပုံတွေထဲမှာတော့ သရုပ်ဆောင် အလင်းရောင် နဲ့ သရုပ်ဆောင် ပြေဇင် တို့ကလည်း ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ဦးကျော်သူရဲ့ ‘’ဝရဇိန်’’ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ ရုပ်ရှင်ကားကြီးကတော့ ‘’၁၀၁၄’’ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဦးကျော်သူကိုယ်တိုင် သရုပ်ဆောင်၊ ဒါရိုက်တာ အဖြစ် ပါဝင်ခဲ့သူပါ။ အဲဒီနောက် သူကိုယ်တိုင် ပထမဆုံးအကြိမ် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ‘’ပုဂံမြို့သူ’’ ရုပ်သံဇာတ်လမ်းတွဲကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။
Photo: Kyaw Thu
ကျော်သူဟာ ၁၉၈၄ခုနှစ်ကစလို့ "ချစ်ကြိုးလေးနှစ်မျှင်" ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးခဲ့ကာ အနုပညာလောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။
ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။