ဒီနေ့( မေလ ၄ ရက်) မှာ သူမရဲ့ သားလေးက ၃ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။

မီးမီးခဲကတော့ ကင်ဆာဆေးတွေရဲ့ ဆိုးကျိုးကြောင့် ဆေးရုံတက်နေရတာဖြစ်တဲ့အတွက် သားငယ်လေး မွေးနေ့မှာ အတူတူ မရှိပေးနိုင်ဘူးလို့ဆိုလာပါတယ်။

Photo: Mee Mee Khel



အဆိုတော်မီးမီးခဲ ဟာ သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်နေရတာဖြစ်တာကြောင့် သားလေးရဲ့ မွေးနေ့မှာ အတူတူ မရှိပေးနိုင်ခဲ့လို့ ဝမ်းနည်းနေမိတယ်လို့ ဆိုပါတယ်။ 

" Happy Birthday Son "Napolion"သားလေး 3 နှစ်ပြည့်တဲ့နေ့မှာ သားနဲ့အတူမရှိပေးနိုင်တာကို ဝမ်းနည်းပေမယ့် သားအတွက် ခွန်းအား အသစ်တွေမွေးပြီ ဆေးရုံကနေ အကောင်းဆုံးကုသမှုတွေ ခံယူပြီး ပြန်လာခဲ့မှာမို့ သားလေး ပျော်ရွှင်ရစေမယ်နော်။ ဒီ ကင်ဆာရောဂါဆိုးကြီးနွံကနေရုန်းထွက်နိင်တော့မှာပါ။ သားရယ် ဒီbirthday သီချင်းလေးကိုဆိုတုန်းက မိသားစု အားလုံးအတွက်သူဆိုထားတာတဲ့။ God Bless You ..Son" ဆိုပြီးတော့ မေလ ၄ ရက်နေ့ မနက် ၃ နာရီကျော်က သူ့ရဲ့ Facebook Page မှာ ရေးသားထားတာ တွေ့ရပါတယ်။  

Photo: Mee Mee Khel

မီးမီးခဲဟာ ကင်ဆာဆေးတွေရဲ့ ဆိုးကျိုးကြောင့် သူမရဲ့ ခြေထောက်တစ်ဖက်မကောင်းဖြစ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဆေးရုံတက် ဆေးကုသမှု ခံယူနေတာ ဖြစ်ပြီး လက်ရှိ ကျန်းမာရေး အခြေအနေကိုလည်း မေလ ၁ ရက်နေ့က သူမရဲ့ Facebook Page မှာပဲ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

" Radiotherapy Treatment စယူနေပါပြီ။ ၅ ရက်ဆက်တိုက်လုပ်ရမှာဖြစ်ပါတယ်။ ခြေထောက်က အရိုးအက်သွားပြီး အရိုးထဲမှာလဲ ကင်ဆာဆဲလ်တွေ တွေ့တာကြောင့်ဆေးရုံတတ်တဲ့နေပဲ ဓါက်ကင်လိုက်ရပါတယ်။ခါးဘယ်ဘက်အောက်ပိုင်ူမှာလဲ ကင်ဆာ ဆဲလ်တွေထပ့်ပီးတွေ့လို့ဒီနေ့ကစပြီး အရိုးတွေ ကို လိုက်စားနေတဲ့နေရာတွေမှာ ဓါတ်ရောင်ခြည်ကုသမှုနဲ့ကုသမှာဖြစ်တဲ့အတွက်ကြောင့်ထပ်ပြီး သတိရဆုတောင်းပေးပါဦးလို့မေတ္တာရပ်ခံပါတယ်နော်" လို့ဆိုပါတယ်။

Photo: Mee Mee Khel

အဆိုတော် မီးမီးခဲဟာ ၂၀၁၉ ခုနှစ်အတွင်းက ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့အပြင် ရင်သားကင်ဆာ အဆင့်(၄) အထိ ရောက်ခဲ့ရတာဖြစ်ပါတယ်။ သူမရဲ့ ကျန်းမာရေးအခြေအနေကောင်းလာဖို့အတွက်ကိုလည်း ဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားချက်အတိုင်း နေထိုင်စားသောက်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမကိုယ်တိုင်က ကင်ဆာရောဂါခံစားနေရတာကြောင့် ကင်ဆာဝေဒနာရှင်တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် သီချင်းတွေကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ရင်း အားပေးခဲ့ပါတယ်။ မန္တလေးမှာလည်း ဒုတိယမြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပခဲ့ပါသေးတယ်။ အောင်မြင်တဲ့ ဖျော်ဖြေပွဲကြီးတစ်ခုဖြစ်ခဲ့သလို ဒီဖျော်ဖြေပွဲက ရရှိတဲ့ ငွေကြေးတွေကို ကင်ဆာဝေဒနာရှင်တွေအတွက် မီးမီးခဲက အလှူအတန်းတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Photo: Mee Mee Khel

လက်ရှိမှာတော့ မီးမီးခဲက သူမရဲ့ မိသားစုနဲ့အတူ သြစတေးလျနိုင်ငံ Sydney မြို့မှာနေထိုင်တာဖြစ်ပါတယ်။ သူမရဲ့ ကျန်းမာရေးကိုတော့ The Crown Princess Mary Cancer Centre Westmead ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာ တွေ့ရပါတယ်။ မီးမီးခဲရဲ့ ကျန်းမာရေးအမြန်ဆုံးပြန်လည်ကောင်းမွန်လာဖို့အတွက် သူမကို ချစ်တဲ့ ပရိတ်တွေကလည်း ဆုတောင်းပေးနေကြတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က