သူတစ်ပါးအပေါ် ကြင်နာစိတ်အပြည့်ရှိသူလေးပါ။

နှိုင်းယှဉ်မြင့်မိုရ်ကတော့ သူတစ်ပါးအပေါ် ကြင်နာတတ်တဲ့ သားလေးရဲ့ကောင်းတဲ့အကျင့်လေးတွေကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Nhying Shin



ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ် သားလေး ကတော့ တစ်ပါးသူအပေါ်မှာ စိတ်ထားကောင်းလွန်းတဲ့ သူ့ရဲ့ သားလေးအကြောင်း ပြောပြလာပါတယ်။ သားလေးကိုတော့ ချစ်စနိုးနဲ့ သားသု လို့ နာမည်ပေးထားတာ တွေ့ရပါတယ်။ 

"သားသားရဲ့ စရိုက် စိတ်ထားလေးတွေ သိသိလာရတော့ စိတ်ထဲကြိတ်ကျေနပ်နေမိတယ်။ စာကြိုးစားချင်တဲ့စိတ်၊ သင်ယူတတ်ယူချင်စိတ်ကြီးတယ်(ကိုယ်နဲ့တုန်းက တခြားစီ)။ အမြဲတမ်း စာနဲ့ပတ်သတ်ရင်သိချင်ဇောကြီးနေတယ်..ဒီအရွယ်လေးနဲ့ အင်တာနက်ထဲ စာလုံးပေါင်းတွေရှာတယ်...လူကြီးတွေပေါင်းတဲ့ ဂဏန်းသခ်ျာတွေ ကြည့်တယ်။ သူတစ်ပါးကို ပေးချင်ကမ်းချင် စိတ်များတယ်။ (ဒါကတော့ ကိုယ့်အကျင့်နဲ့ ထပ်တူကျ)" ဆိုပြီးတော့ မေလ ၂၈ ရက်နေ့ နေ့လယ် ၁၂နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Nhying Shin

နှိုင်းယှဉ်မြင့်မိုရ်ဟာ သားလေးကို တွန့်တိုတတ်တဲ့ စိတ်ထားမျိုးမဖြစ်ရလေအောင် အမြဲ သွန်သင်ဆုံးမခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း သားလေးက အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ပါးသူအပေါ် ကြင်နာတတ်တဲ့စိတ် အပြည့်အဝရှိတယ်လို့ သူက ဆိုပါတယ်။ 

"မနေ့ကမှာထားပေးတဲ့ အရုပ်တွေရောက်လာတော့ သူ့အစ်မသာတွေ့ရင် အရမ်းပျော်မှာတဲ့။ ကောင်းလိုက်တဲ့စိတ်ထား၊ တွန့်တိုတတ်တဲ့စိတ် ကိုယ့်ရှိရင် ဝှက်ထား သူ့ရှိတော့ ကပ်စား စိတ်ဓာတ် ကျွန်မ သိပ်ရွံတယ်။ ဒါကြောင့် သားကို အဲ့စိတ်မပါအောင် ငယ်ငယ်လေးထဲ ကပြောပြသွန်သင်ထားတယ်။ သူတစ်ပါးကိုသနားကြင်နာတတ်တယ်။ လမ်းက ပန်းရောင်းတဲ့ ကလေးတွေ၊ ရေသန့်ရောင်းတဲ့ ကလေးတွေ ကို သူသိပ်သနားတယ်။ အမေကျွေးလိုက် လေ၊ ပေးလိုက်လေ ပြောတယ်။ ခု ကိုယ်တွေ့တွေ့နေရတဲ့သူ့စရိုက်လေးတွေမှာ အဲဒါလေးတွေတော့ သိပ်ကြိုက်တယ်" ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Nhying Shin

သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ COVID-19 ကာလမှာ လူငယ်အကြိုက် ဒီဇိုင်းခပ်မိုက်မိုက် အဝတ်အစားတွေ၊ ဝမ်းဆက်တွေ အပြင် အိမ်ထောင်ပရိဘောဂ ပစ္စည်းတွေကို Online ကနေ ရောင်းနေတာ ဖြစ်ပါတယ်။ သူမကို ချစ်ခင်လို့ ဝယ်ယူအားပေးကြတဲ့ ပရိသတ်တွေလည်း အများကြီးပါ။ နှိုင်းယှဉ်မြင့်မိုရ်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ဇာတ်ပို့သရုပ်ဆောင် တစ်ဦးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားတော်တော်များများမှာ အမြဲပါဝင်နေကြဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုကလည်း ပိုတိုးလာခဲ့ပါတယ်။ သူမ အခုဆိုရင်တော့ ခင်ပွန်းဖြစ်သူ ဇာတ်ပို့သရုပ်ဆောင် ကိုဘင်း နဲ့အတူ သားလေး တစ်ယောက်ပိုင်ဆိုင်ထား တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က