အမေ တစ်ယောက်ဖြစ်လာမှ ကြည်နူးဖို့ကောင်းတဲ့ အချိန်တွေ ပိုင်ဆိုင်လာတယ်။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ သူမရဲ့ သားလေးကြောင့် မိခင်တစ်ယောက်အနေနဲ့ ကြည်နူးဖို့ကောင်းတဲ့ အရာတွေ ပိုင်ဆိုင်ခွင့်ရလာတဲ့အကြောင်းပြောလာပါတယ်။ 

Photo: Nan Myat Phyo Thin



နန်းမြတ်ဖြိုးသင်းကတော့ သူမရဲ့ ဘဝရပ်တည်မှုတွေကို သားလေးကြောင့် ပြောင်းလဲသွားခဲ့တယ်လို့ ဆိုပါတယ်။ သားလေးအတွက် မိခင်တစ်ယောက်ရဲ့ ကြည်နူးမှုတွေကိုလည်း သူမက ပြောပြလာပါတယ်။ 

"သားလေး ဘဝရဲ့ရပ်တည်မှုတွေဦးတည်ချက်တွေကိုပြောင်းလဲပစ်နိုင်တဲ့သူလေး။ အမေတစ်ယောက်ဖြစ်လာမှဘယ်လောက်ကြည်နူးဖို့ကောင်းတဲ့ အချိန်တွေကိုပိုင်ဆိုင်လာရသလဲဆိုတာ အမေတွေပိုသိပါတယ်(လူရောစိတ်ပါပင်ပန်းရတဲ့အချိန်တွေလဲပါတာပေါ့?)။ နောက်၁၀နှစ်လောက်ဆို အနားတောင်ကပ်ချင်တော့မှာ မဟုတ်ဘူးဆိုတဲ့အချိန်ကို ကြိုလက်ခံနိုင်အောင်ကြိုးစားရင်း ခုချိန်လေးကိုတန်ဖိုးထားပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါတယ်" ဆိုပြီးတော့ မေလ ၃၀ ရက်နေ့ညက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Nan Myat Phyo Thin

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း (Nann Myat Phyo Thin) ဟာ သားလေး jack jack ကို မွေးဖွားပြီးတဲ့နောက် အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမရဲ့ သားလေးဟာ အသက် (၁) နှစ်ပြည့်ပြီးဖြစ်ပါတယ်။ သားလေးရဲ့ နာမည်အရင်းကိုတော့ ခွန်ဘုန်းသုဒ္ဓ လို့ နာမည်ပေးထားပါတယ်။ နန်းမြတ်ဖြိုးသင်းက ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သားဦးလေးကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၁၂) ရက်နေ့က ဂရန်းဟန်သာ ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Photo: Nan Myat Phyo Thin

သူမဟာ Stay Home ကာလမှာ ကလေးပစ္စည်းတွေ လိုအပ်နေတဲ့ မိခင်တွေအတွက် မေလ(၁၅) ရက်နေ့တုန်းက သားလေး Jack Jack ရဲ့ ကလေးအသုံးအဆောင် ပစ္စည်းအသစ်လေးတွေကို သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ Live လွှင့်ရင်း ကံစမ်းမဲ ဖောက်ပေးခဲ့တာ တွေ့ရပါတယ်။ ဒါဟာ သားလေး ရလာပြီးတဲ့နောက် တခြားကလေးတွေကိုလည်း ချစ်တတ်လာတာကြောင့်လို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

Photo: Nan Myat Phyo Thin

နန်းမြတ်ဖြိုးသင်းကိုတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် " ဖေ့စ်ဘွတ်ဘုရင်မ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် TV ကြော်ငြာတွေလည်း များစွာရိုက်ကူးခဲ့ရသူဖြစ်ပြီး ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့ မင်းသမီးချောလေး တစ်ယောက်ပါ။ ဂီတကိုလည်း ဝါသနာပါသူဖြစ်တာကြောင့် သူငယ်ချင်းဖြစ်တဲ့ နန်းသူဇာနဲ့ အတူ "Friend" ဆိုတဲ့ အခွေ တစ်ခွေ ထွက်ရှိထားတာလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က