အိတုံကတော့ ဒုတိယမြောက် ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်လို့ အတိုင်းမသိဝမ်းသာလို့နေတယ်လို့ ဆိုပါတယ်။
Photo: Ei Tone
ဇာတ်ပို့သရုပ်ဆောင် အိတုံကတော့ သူမတို့ မိသားစုလေးအတွက် ဝမ်းသာစရာ သတင်းတစ်ခုအနေနဲ့ ဒုတိယမြောက် ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီလို့ Duwun Media ကနေ ပြောပြလာပါတယ်။
Photo: Ei Tone
လက်ရှိမှာတော့ အိတုံဟာ သမီးလေး နှိုင်းတုနဒီ(ခ)ထက်ထက် ဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီးလေး တစ်ဦးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယမြောက်ရင်သွေးလေးကိုတော့ သားလေး ဖြစ်စေချင်တယ်လို့ သူက ဆိုပါတယ်။
" အစ်မက ဒုတိယမြောက်ရင်သွေးလေးကို သားလေး လိုချင်တာပေါ့နော်။ ရှေ့မှာလည်း သမီးလေး ရှိတော့ သားလေးနဲ့ သမီးလေးဆိုရင် တော်ပြီ (၂) ယောက်ပဲ။ ကလေးမွေးတယ်ဆိုတာကလည်း မွေးတာနဲ့ မပြီးဘူးပေါ့နော်။ ကလေးကို ကြီးပြင်းအောင်၊ သူများနဲ့ တန်းတူနေနိုင်အောင် ထားရမယ်။ ကလေးတစ်ယောက်ကို မွေးရတာက လွယ်တယ် ကြီးပြင်အောင် လုပ်ပေးရတာက မလွယ်ပါဘူး။ ဘာလေးပဲ ဖြစ်ဖြစ်ပါ မိန်းကလေးဆိုရင်လည်း ညီအစ်မ နှစ်ယောက် အဖော်ရတာပေါ့" လို့ သူက ပြောပါတယ်။
Photo: Ei Tone
အိတုံဟာ ခင်ပွန်းဖြစ်သူ ကိုနေမျိုး နဲ့ အိမ်ထောင်ကျပြီးတဲ့နောက် ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သမီးလေးကို တစ်ယောက်တည်း အထီးမကျန်စေချင်တာကြောင့် ရင်သွေး(၂) ယောက်ယူဖို့ ဆုံးဖြတ်ထားခဲ့တာ ကြာပြီလို့လည်း သူက ဆိုပါတယ်။
Photo: Ei Tone
ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် အိတုံတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ သူမရဲ့ခင်ပွန်းဖြစ်သူ ကို နေမျိုးကလည်း တစ်ချိန်က ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကိုနေမျိုးဟာ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူူး။ အိတုံကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု နည်းနေတာကြောင့် online shopping လုပ်နေတာလည်း တွေ့ရပါတယ်။