အသင်းဟောင်းခြေစွမ်းကို အထင်ကြီးနေတာပါ။

လက်ရှိမှာ ယူနိုက်တက်ဟာ ချယ်လ်ဆီးနဲ့ ၃မှတ်အကွာအနေအထားကို ရောက်ရှိနေမယ့် ယူနိုက်တက်က ကျော်ဖြတ်နိုင်မယ်လို့ ဖာဒီနန်က ယုံကြည်နေတာပါ။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခံစစ်မှူးဟောင်းရီယိုဖာဒီနန်က ယူနိုက်တက်အနေနဲ့ ရာသီကုန်မှာ အဆင့်လေးနေရာကိုရရှိလိမ့်မယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်ဟာ ချယ်လ်ဆီးနဲ့ ၃မှတ်အကွာအနေအထားကို ရောက်ရှိနေမယ့် ယူနိုက်တက်က ကျော်ဖြတ်နိုင်မယ်လို့ ဖာဒီနန်က ယုံကြည်နေတာပါ။ 

ယူနိုက်တက်ဟာ ဘောလုံးပွဲတွေမရပ်ဆိုင်းခင်မှာ ခြေစွမ်းကောင်းတွေရရှိခဲ့ပြီး ရှုံးပွဲမရှိစံချိန်တွေကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဆိုးလ်ရှားရဲဲ့အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲ ၄ ပွဲမှာလည်း ၃ပွဲအထိအနိုင်ရရှိခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် မျှော်လင့်လာနိုင်ခဲ့ပြီး ချယ်လ်ဆီးကို ဖိအားပေးနိုင်ခဲ့ပါတယ်။ 

လာမယ့်သောကြာနေ့မှာ ယူနိုက်တက်က စပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီးတော့ အဆိုပါပွဲက သူတို့အတွက်အ ရေးပါနေတာလည်းဖြစ်ပါတယ်။ Daily Star နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ဖာဒီနန်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ "ထိပ်ဆုံးလေးသင်းနေရာကို သူတို့တွေ အရယူသင့်နိုင်တယ်လို့ ကျွန်တော်ထင်တယ်၊ ပေါ့ဂ်ဘာကလည်း ပြန်လည်ကြံ့ခိုင်လာပါပြီ"

"ရက်ရှ်ဖို့ဒ်လည်း ပြန်ကောင်းလာပြီးတော့ ပေါ့ဂ်ဘာက လေ့ကျင့်ကွင်းမှာ တော်တော်လေးကောင်းမွန်နေပြီလို့ ပြောနေကြပါတယ်၊ သူနဲ့ဖာနန်ဒက်စ်ရဲ့ ကွင်းလယ်အတွဲအဖက်က ပိုမိုကောင်းမွန်နိုင်ပြီး မက်တော်မီနေးလည်းရှိနေပါတယ်၊ ယူနိုက်တက်အနေနဲ့ ဘောလုံးပွဲတွေမရပ်တန့်ခင်မှာ ရလဒ်တွေဆက်တိုက်ကောင်းနေတာကို မမေ့သင့်ပါဘူး"

"မန်စီးတီးကို သူတို့တွေ အနိုင်ယူထားသလို ချယ်လ်ဆီးကိုလည်း ဆက်တိုက်နိုင်ခဲ့ပါတယ်၊ အိုလီကို ကျွန်တော်ယုံကြည်ပါတယ်၊ သူ အဆင့်လေးနေရာသာရအောင်ယူနိုင်ခဲ့မယ်ဆိုရင် အလုပ်ကောင်းကောင်းလုပ်နိုင်တယ်ဆိုရမှာပါ။ ယူရိုပါလိဂ်မှာလည်း သူတို့တွေ ဆုဖလားရယူနိုင်ဖို့အထိ ရည်ရွယ်ထားနိုင်ဆဲဖြစ်ပါတယ်" လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က