ကလေးမွေးပေးလိုက်တယ်ဆိုတဲ့ သတင်းက မဟုတ်ပါဘူးတဲ့။

ပိုးမမှီသာဟာ ကလေးမွေးပေးလိုက်တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး သတင်းအမှန်ကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သူဟာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်တက်ရောက်နေသူ ဖြစ်ပါတယ်။ 

Photo: Poe Mamhe Thar

ပရိသတ်အချစ်တော် ဆေးကျောင်းသူလေး ပိုးမမှီသာက ကိုယ်တိုင် ကလေးမွေးပေးလိုက်တယ်ဆိုတဲ့ သတင်းတွေရဲ့ အမှန်တရားကို ထုတ်ဖော်ပြောပြလာပါတယ်။ ဒီသတင်းတွေကြောင့်လည်း အထင်အမြင်လွဲတာတွေ ခံခဲ့ရတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

‘’ အမှန်တကယ်တော့ အဲ့ဒီသတင်းကို တွေ့လိုက်တာ ညီမ အရမ်းအံ့သြသွားတယ်။ ညီမက Instagram, Facebook တို့မှာ Story တင်တဲ့ အကျင့်လေးရှိတယ်။ ကိုယ်ဒီနေ့ လုပ်နေတဲ့အရာလေးတွေကို ပြောတဲ့အခါကျတော့ ဒါကို သတင်းယူပြီးရေးလိုက်တဲ့အချိန်မှာ တချို့ အထင်အမြင်လွဲတာတွေရှိကြတယ်။ ညီမက ဗဟိုအမျိုးသမီးဆေးရုံမှာ စာသင်ရပါတယ်။ ညီမက Final Part 2 ကျောင်းသူပဲရှိပါသေးတယ်။ ကိုယ်တိုင်ကူပြီး မွေးပေးတယ်ဆိုတာတော့ မဟုတ်ပါဘူး’’ လို့ ပြောပါတယ်။

Photo: Poe Mamhe Thar

ပိုးမမှီသာဟာ မဟုတ်မမှန်ရေးသားခဲ့တဲ့ သတင်းအမှားတွေကြောင့် စီနီယာ ဆရာဝန်တွေရဲ့ အထင်အမြင်လွဲမှားမှုတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ အထင်လွဲမှုတွေ ခံရမှာကြောက်လို့ အမှန်တရားကို ပြောပြတာဖြစ်တယ်လို့ ဆိုပါတယ်။

‘’ သတင်းတွေရဲ့အောက်မှာ Comment တွေလည်းဖတ်ရတယ်။ ကျောင်းမှာရှိတဲ့ သူငယ်ချင်းတွေ စီနီယာတွေကလည်း တစ်မျိုးမြင်ကြတယ်။ ညီမမွေးပေးတယ်လို့ ထည့်ပြောခဲ့တာလည်း မဟုတ်ဘူး။ ညီမဆီကို ခွင့်ပြုချက်မယူဘဲ တင်လိုက်တယ်ဆိုတော့ စိတ်ထဲမှာ နည်းနည်း ကသိကအောက်ဖြစ်တာပေါ့နော်။ ကိုယ်က အကြီးတွေအားလုံးထဲမှာ အငယ်တစ်ယောက်အနေနဲ့ လေ့လာသင်ယူနေဆဲအချိန်မှာ အထင်အမြင်လွဲ ခံရမှာတွေကို ကြောက်တယ်။ သူငယ်ချင်းတွေရဲ့ အထင်မြင်လွဲမှာကိုလည်း ကြောက်တယ်။ ကိုယ်မလုပ်ရဘဲနဲ့ သူတကယ်လုပ်နေရတဲ့ ပုံဖမ်းနေတယ်ဆိုပြီး အပြောခံရမှာလည်း ကြောက်တယ်။ ဒါကြောင့် အခုလိုဖွင့်ပြောပြရတာပါ’’ လို့ သူကဆိုပါတယ်။

Photo: Amazing Grace

ပိုးမမှီသာက ကလေးမွေးပေးရတာကို ဝါသနာပါသူတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း အိုဂျီဘာသာရပ်ကို စိတ်ဝင်တစား လေ့လာဆည်းပူးနေတယ်ဆိုတာကို Bench အကျီေင်္ကြာ်ငြာရိုက်ကွင်းပေါ်မှာ ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့ပါတယ်။ 

‘’ ညီမက နဂိုကတည်းက အိုဂျီ ဘာသာရပ်ကို စိတ်တဝင်စားတာကြောင့် ကလေးမွေးတာကို ကြည့်ရတာ ပျော်တယ်။ ညီမက ကျောင်းသူဖြစ်တာကြောင့် အလှည့်ကျ ခွဲစိတ်ခန်းမှာ ဝင်ပြီးလေ့လာရတယ်။ စီနီယာတွေလုပ်တာကို ညီမတို့က ဘေးကနေ လေ့လာသင်ယူရတာပါ။ ညီမကိုယ်တိုင်မွေးပေးတယ်ဆိုတာ မဟုတ်ပါဘူး’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Poe Mamhe Thar

ပိုးမမှီသာကို SAI Cosmetic ကြော်ငြာကနေ ပရိသတ်တွေ စတင်သိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘’သိင်္ဂါရ သီချင်းတစ်ပုဒ်’’ ဆိုတဲ့ Music MTV လေးကနေတဆင့် ပရိသတ်အားပေးမှု ပိုရရှိခဲ့သူပါ။ လက်ရှိ အနုပညာလှုပ်ရှားမှုကတော့ တီဗီကြော်ငြာတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က