ဆိုင်ဝန်ထမ်း (၃၀)ဝန်းကျင်ကိုတော့ ကွာရန်တင်းထားရှိထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ရတနာလမ်းမကြီးရှိ အိုမီဂါ အလှပြင်ဆိုင်က မိန်းကလေးတစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး သူနဲ့ ထိတွေ့ထားတဲ့ ဆိုင်ဝန်ထမ်းတွေအပြင် ပြင်ပကထိတွေ့ထားသူတွေကို စုံစမ်းလျှက်ရှိတယ်လို့ သိရပါတယ်။

ဆိုင်ဝန်ထမ်း လူနာမိန်းကလေးက  ဝန်ကြီးဌာနရဲ့ မနေ့ကည (၈)နာရီထုတ်ပြန်ချက်က (၉၅)ဦးစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပြီး အသက်(၂၉)နှစ်အရွယ် လူနာအမှတ် (၈၂၃)ဖြစ်ပါတယ်။ လူနာနဲ့ ထိတွေ့ထားတဲ့ ဆိုင်က ဝန်ထမ်းဦးရေ (၃၀)ဝန်းကျင်ခန့်ကိုတော့ ဆိုင်အတွင်းမှာပဲ ကွးရန်တင်းထားရှိထားပြီး ဆိုင်ကိုတော့ lock down လုပ်ထားတာဖြစ်ပါတယ်။ ဆိုင်ဝန်ထမ်းတွေအပြင် ပြင်ပက ထိတွေ့ထားတဲ့သူတွေကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ ကွာရန်တင်းထားရှိဖို့ စုံးစမ်းလျှက်ရှိတယ်လို့ သိရပါတယ်။ 



“ ကောင်မလေးက အလှပြင်ဆိုင်က ဝန်ထမ်း။ ဆိုင်မှာ အလုပ်ဝင်တာ (၆)လပဲရှိသေးတယ်။ ဆိုင်ထဲမှာ အဆောင်လိုသဘေ ာပေးထားထားတာဆိုတော့ တခြားဆိုင်ဝန်ထမ်း (၃၀)ဝန်းကျင်လောက်ကိုတော့ ဆိုင်အတွင်းမှာပဲ ပိတ်ထားပြီး ကွာရန်တင်းထားရှိထားတယ်။ ရပ်ကွက်ထဲက ထိတွေ့ထားသူတွေတော့မရှိဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ကိုပဲ ပိတ်ထားတာ။ လူနာမိန်းကလေးကိုတော့ မနေ့ညကပဲ ကျန်းမာရေးဘက်က လာခေါ်သွားပြီ” လို့ တောင်ဥက္ကလာပ (၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်က Duwun ကိုပြောပါတယ်။ 

ပိုးတွေ့ လူနာမိန်းကလေးက အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့ထားခြင်းမှမရှိသလို၊ ခရီးသွားရာဇဝင်လည်းမရှိပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှနေမကောင်းလို့ ဆေးခန်းသွားပြရာကနေ ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးခဲ့ရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ တောင်ဥက္ကလာပမြို့နယ်အတွင်းမှာတော့ ယခု ပိုးတွေ့လူနာ မိန်းကလေးက ဒုတိယလူနာဖြစ်ပါတယ်။ ပထမဆုံးတွေ့ရှိခဲ့တဲ့ လူနာက (၁၂)ရပ်ကွက်က ဖြစ်ပြီး သင်္ဘောတက်ဖို့ ဆေးစစ်ရာကနေ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လူနာ နှစ်ဦးလုံးက ပြည်တွင်းကူးစက်လူနာတွေဖြစ်ပြီး အတည်ပြုလူနာတွေနဲ့ ထိတွေ့ထားမှု မရှိဘဲ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ မနေ့က (၈)နာရီထုတ်ပြန်ချက်နဲ့ ယနေ့မနက်(၈)နာရီထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် (၁၀၀)ဦးတိုးခဲ့တာပါတယ်။ လူနာသစ် (၁၀၀)ထဲမှာ ရန်ကုန်က (၄၈)ဦး၊ ရခိုင်က (၄၈)ဦးနဲ့ မန္တလေး၊ပဲခူး၊ နေပြည်တော်နဲ့ မကွေးတိုင်းတို့မှ ၁ ဦးစီ ပါဝင်ခဲ့ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စက်တင်ဘာလ(၁)ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အထိ ပိုးတွေ့လူနာ (၈၈၇)ဦးရှိကာ ပြန်လည်ပျောက်ကင်းသူ (၃၅၄)ဦီးနဲ့ သေဆုံးသူ (၆)ဦးရှိပါတယ်။





Share

Loading Next Article...
က္က