ဆရာဝန်ပင့်ပြီး ဆေးသွင်းထားရတယ်။

သရုပ်ဆောင် ဝေဠုကျော်ဟာ ပရဟိတအလုပ်တွေ အဆက်မပြတ် လုပ်ဆောင်ခဲ့တာကြောင့် အခုဆိုရင် အားဆေးသွင်းထားရတယ်လို့ သိရပါတယ်။ 

Photo: Wai Lu Kyaw



သရုပ်ဆောင် ဝေဠုကျော်ကတော့ ပရဟိတအလုပ်တွေ၊ အလှူအတန်းတွေ အဆက်မပြတ်ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ပင်ပန်းပြီး သွေးအားနည်းလို့ ဆေးသွင်းထားရတယ်လို့ ဝေဠုကျော်ဖောင်ဒေးရှင်း အဖွဲ့ဝင်တစ်ဦးက ပြောလာပါတယ်။ 

" ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ အဖွဲ့ဝင် စေတနာ့လုပ်အားရှင် ဆရာဝန် ဒေါက်တာရဲကျော်စွာ ကိုပင့်ပြီး ဆေးသွင်း ဆေးကုခံရသူကတော့ ကိုဝေဠုကျော်ပါပဲ။ဆေးကုသပေးသူ ဒေါက်တာ ရဲကျော်စွာ နှင့် ဂရုစိုက်ပေးကြသူ ဆရာ ဦးကျော်ဇော၊ အဖွဲ့ဝင် လုပ်အားရှင်၊ ညီ/ညီမလေးတို့အားလုံး ကျေးဇူးပါ။ အဖွဲ့သားတွေလည်း ချွေးထွက်လွန်ကြတော့ အားနည်းကြတယ်ထင်ပါတယ်။ အမြဲဓာတ်ဆားတို့ အားဆေးတို့ သောက်နေကြပေမယ့် တစ်ယောက် တစ်လှည့် အားဆေးသွင်းနေရတယ်လေ။ ကိုဝေဠု နှင့် အဖွဲ့သား အားလုံးဘေးကင်းစွာ

ကျမ်းမာကြပါစေ" ဆိုပြီးတော့ မေလ ၂၄ ရက်နေ့ ညက ဝေဠုကျော် ဖောင်ဒေးရှင်း ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Wai Lu Kyaw

သရုပ်ဆောင် ဝေဠုကျော် ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ အခုလက်ရှိ COVID-19 ရောဂါ ကာကွယ်ရေးအတွက် သံသယလူနာများ သယ်ယူပို့ဆောင်ခြင်း၊ ဆေးဖြန်းခြင်းများဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီနောက် အမှန်တကယ် လိုအပ်မှု ရှိနေတဲ့ နေရာဒေသတွေမှာလည်း စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ မေလ(၁၇) ရက်နေ့တုန်းကလည်း နာဂဒေသအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ဝေဠုကျော် ဖောင်ဒေးရှင်းက လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် မေလ (၂၀) ရက်နေ့ ကစပြီး ကျူးကျော်ရပ်ကွက်မှာ နေထိုင်ရတဲ့ လူကြမ်းသရုပ်ဆောင်တွေ နဲ့ ဆိုက်ကား နင်းပြီး မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေကို အဝတ်အစား ၊ စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ 

Photo: Wai Lu Kyaw

 ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။ အဲဒီနောက် လာကမ်းလှမ်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က