မက်ဂွိုင်းရားစဖောက်တာနဲ့အတူ ဂိုးစပေးလိုက်ရတာပါ။

လီဗာပူးကို အဝေးကွင်းမှာ လေးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲက ယူနိုက်တက်ရဲ့ ခြေစွမ်းက တသင်းလုံး ဆိုးရွားလွန်းခဲ့ပြီး ဒီအထဲမှာ ပိုမိုဆိုးရွားတယ်လို့ ထင်မြင်ရတာက အသင်းခေါင်းဆောင် မက်ဂွိုင်းရားရဲ့ခြေစွမ်းပဲဖြစ်ပါတယ်။ ဒီပွဲအတွက် ရန်းနစ်ဂ်က နောက်တန်းသုံးယောက်အထိုင်ချပြီး ပွဲထွက်ခဲ့တာပါ။



မက်ဂွိုင်းရား၊ ဖီးလ်ဂျုံးစ်၊ လင်ဒီလော့ဖ်တို့ကို တွဲဖက်ပေးခဲ့ပြီး ပွဲကစားချိန် (၅) မိနစ်အတွင်းမှာတင်ကို မက်ဂွိုင်းရား ထဖောက်ခဲ့တာကြောင့် ဦးဆောင်ဂိုးပေးလိုက်ရပါတယ်။ ဒီဂိုးမှာ မက်ဂွိုင်းရားက ရှေ့ကို မဆင်မခြင် တက်သွားခဲ့ပြီး သူ့နောက်မှာ ဆာလာနဲ့အာနိုးလ်အတွက် နေရာလွတ်အကျယ်ကြီး ကျန်ရစ်ခဲ့ပါတယ်။

မာနေးကို ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အဲ့ဒီကနေ ထွက်သွားတဲ့ ဘောလုံးကတဆင့် ဆာလာက ဂိုးရှေ့ကို လွတ်လွတ်ကျွတ်ကျွတ် ခင်းအပေး ဒီယက်ဇ်က အပိုင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာလည်း လီဗာပူးတိုက်စစ်က ယူနိုက်တက် နောက်တန်းကို အလွယ်တကူ ထိုးဖောက်ပြီး နောက်ထပ်ဂိုးတွေ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဆာလာရဲ့ ပွဲသိမ်းဂိုးမှာလည်း မက်ဂွိုင်းရားရဲ့ နေရာယူပုံ တားဆီးမှုတွေက ဝေဖန်စရာဖြစ်ခဲ့ပါသေးတယ်။

ပွဲအပြီးမှာ ပရိသတ်တွေက “ပြောပြီးသားကိုပဲ ထပ်ပြောရမှာပါ။ မက်ဂွိုင်းရားက ချန်ပီယံရှစ်မှာဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် အင်္ဂလန်နဲ့ယူနိုက်တက်မှာတော့ သူက တကယ်ကို ဖရိုဖရဲ ကစားတာပါ” “အဲ့ဒီ မက်ဂွိုင်းရားကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲ ထွက်ခွင့်ပြုလိုက်ပါလား”

“မက်ဂွိုင်းရားက ဘောလုံးသမားကို မဖြစ်လာသင့်ဘူး” အစရှိသဖြင့် အပြင်းအထန် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ မက်ဂွိုင်းရား ဦးဆောင်တဲ့ ယူနိုက်တက်နောက်တန်းက အပတ်တိုင်း အမှားအယွင်းတွေလုပ်ပြီး ဂိုးတွေပေးနေရတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ အမြဲတမ်းရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က