စပါးက ၂-၀ ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ လိဂ်ဖလားပွဲမှာ အာဆင်နယ်ပရိသတ်က ပွဲချိန် ၇၂ မိနစ်အရောက် ရေသန့်ဘူးနဲ့ ပစ်ပေါက်အပြီး ကွင်းထဲကနေ ပြန်ထွက်သွားတာကို စီတီဗီကင်မရာမှာ တွေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်ရဲ့ ပွဲချိန် ၇၂ မိနစ်မှာ အာဆင်နယ်ပရိသတ်တစ်ဦး ပစ်ပေါက်လိုက်တဲ့ ရေသန့်ဘူးက စပါးတိုက်စစ်မှူး အလီရဲ့ ဦးခေါင်းကို ထိမှန်ခဲ့တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။
ယခုအခါ အဆိုပါ ရေဘူးနဲ့ပစ်ပေါက်လိုက်တဲ့ အာဆင်နယ်ပရိသတ်ကို CCTV ကင်မရာတွေကနေတဆင့် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီလို့ Daily Mail သတင်းဌာနက ဖော်ပြထားပါတယ်။ ရေဘူးနဲ့ ပစ်ပေါက်ခဲ့တဲ့ ပရိသတ်ကို ရဲဌာနက အလျင်စလို ရှာဖွေနေပြီး ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း ကနဦး သိရပါတယ်။
အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး - “ လုံးဝကို လေးစားမှုမရှိတဲ့ လုပ်ရပ်ပါ၊ ကွင်းထဲမှာ နှစ်ဖက်ကစားသမားနဲ့ပရိသတ် တွေငြိမ်းချမ်းစွာ အားကစားပွဲတစ်ရပ် ဆင်နွှဲနေတဲ့ဖြစ်ရပ်ကို ရုပ်ဆိုးအကျည်းတန်စေပါတယ်။ဒီအတွက် ကျွန် တော်တို့ အလေးနက်ထားဆောင်ရွက်နေပါတယ်။” လို့ စုံစမ်းစစ်ဆေးရေးဌာနက ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။ အာဆင်နယ်က အဆိုပါဖြစ်ရပ်အတွက် စပါးအသင်းကို ချက်ခြင်းဆိုသလို တောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ - “ အခုလို တစ်ဦးတစ်ယောက်ရဲ့ အပြုအမူက အားလုံးရဲ့အပြုအမူ မဟုတ်ပါဘူး။ ဒီအပြုအမူမျိုးအတွက်လည်း အီးမရိတ်မှာနေရာမရှိပါဘူး။ သူ့ရဲ့ အချက်အလက်တွေကို ပြန်လည်စစ်ဆေးပြီး ရှာဖွေနေပါတယ်။” လို့ အာဆင်နယ်အသင်းက ဖော်ပြခဲ့တာကိုလည်း Daily Mail က ဖော်ပြထားပါတယ်။