ပျော်စရာကောင်းတဲ့ မိသားစုလေးပါ။

သားလေး သိဒ္ဓိစစ်ရဲ့ လိမ္မာရေးခြားရှိမှုတွေကြောင့် မေမေ မယ်လိုဒီက အမြဲတမ်း စိတ်ချမ်းသာလို့နေပါတယ်။ သိဒ္ဓိစစ်လေးက အခုဆိုရင် အသက် ၃ နှစ်ကျော် အရွယ်ကိုရောက်ရှိနေပါပြီ။

Photo: မယ်လိုဒီ



မယ်လိုဒီဟာ သားလေး သိဒ္ဓိစစ်ကြောင့် အမြဲတမ်း ဂုဏ်ယူနေရတဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။ သိဒ္ဓိစစ်ဟာ ၃ နှစ်ကျော်အရွယ်သာ ရှိသေးပေမယ့် ဘာသာရေးကို အရမ်းကိုင်းရှိုင်းတတ်တဲ့ အကြောင်းကိုလည်း အခုလို ပြောပြလာပါတယ်။

''အိမ်မှာ အငြိမ်မနေရှုပ်ပွအောင် ကစားသော်လည်း ဆရာတော်ကြီးများကိုဖူးခွင့်ရချိန်မှာတော့ဖြင့် ကျွန်တော်ဟာ လူအေးလေး သိဒ္ဓိစစ် ဘဝအမောတွေ ပြေပျောက်ရပါတယ်။ သားလိမ္မာမို့ စိတ်ချမ်းသာရပါတယ်။ အမှတ်တရ ထပ်တူထပ်မျှ စိတ်ချမ်းသာ ကြပါစေရှင်။ ၇ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်'' ဆိုပြီးတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ နေ့လည် ၁၁နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

 

Photo: မယ်လိုဒီ

မယ်လိုဒီဟာ လက်ရှိမှာ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူချစ်ရတဲ့ ခင်ပွန်းကတော့ စီးပွားရေးသမားတစ် ယောက်ဖြစ်ပါတယ်။ သူချစ်ရတဲ့ သားလေး သိဒ္ဓိစစ်ကတော့ ကျောင်းတက်နေတဲ့အရွယ်ဖြစ်ပြီး ပရိသတ်များစွာတို့ရဲ့ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင် ထားတဲ့ ကလေးလေး ဖြစ်ပါတယ်။

Photo: မယ်လိုဒီ

သားလေး သိဒ္ဓိစစ်ကတော့ ၂၀၁၈ ခုနှစ် ဇွန်လ ၄ ရက်နေ့ကတည်းက ကျောင်းစတက်နေရပြီလို့ သိရပါတယ်။ မွေးကင်းစ ကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။

Photo: မယ်လိုဒီ

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ မကြာခဏ တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်ကို ချစ်ကြပါတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က