အဆင့််မြင့် AI chip နဲ့မောင်းတာပါ

တရုတ်နိုင်ငံဟာ Thinking Machines ခေတ်ကို ဦးဆောင်လာဖို့ရှိပါတယ်။




Tsinghua တက္ကသိုလ်ပါမောက္ခ ရှီလုပင်ဦးဆောင်တဲ့ သုတေသီတွေဟာ အလိုအလျောက် စက်ဘီးတစ်ခုကို ထိန်းချုပ်နိုင်တဲ့ hybrid chip တစ်မျိုးကို တည်ဆောက်ခဲ့တာပါ။စင်္ကာပူက တစ်ယောက် ၊ အမေရိကန်က တစ်ယောက်ပါဝင်တဲ့ ဒီသုတေသနကနေ ထုတ်တဲ့ chip ဟာ Artificial General Intelligence (AGI) နည်းပညာသစ်ဆီ ရောက်ဖို့အရေးပါတဲ့ ချပ်စ်လည်း ဖြစ်ပါတယ်။ AGI ဟာ Full AI လို့ခေါ်နေတဲ့ နာမည်ဖြစ်ပြီး လူတစ်ယောက် တွေးသလို တွေးနိုင် လေ့လာသင်ယူနိုင်မယ့် နည်းပညာပါ။




Tianjic chip ဟာ ကွန်ပျူတာသိပ္ပံအခြေပြုစနစ်နဲ့နျူရိုသိပ္ပံအခြေပြုစနစ်နှစ်ခု ပေါင်းစပ်ဒီဇိုင်းဆွဲထားတာ ဖြစ်ပြီး AGI အဆင့်ကို သွားဖို့ဦးတည်တာ ဖြစ်ပါတယ်။ Tianjic chip ဟာ neurons ၄ သောင်းနဲ့ဒီနျူရွန်တွေကို တစ်ခုနဲ့တစ်ခု အချက်ပြနိုင်ဖို့ဖွဲ့စည်းထားတဲ့ synapses ၁၀ သန်းနဲ့ဖွဲ့စည်းထားတဲ့ 156 FCore architecture စနစ်နဲ့တည်ဆောက်ထားတာပါ။


" ဒီ chip ကို နယ်ပယ်အစုံမှာ သုံးနိုင်ပါတယ်။ မောင်းသူမဲ့ နည်းပညာ ၊ စက်ရုပ်နဲ့အလိုအလျောက်စနစ် စတဲ့ ကဏ္ဍစုံမှာ ဒီချပ်စ်ကို သုံးနိုင်ပါတယ်။" လို့ဘေဂျင်း Tsinghua တက္ကသိုလ်ပါမောက္ခ ရှိက Nature ကို ပြောပါတယ်။

Nature ကနေ ရရှိထားတဲ့ ဗွီဒီယိုဖိုင်အရ အလိုအလျောက်မောင်း စက်ဘီးဟာ ကင်မရာတစ်လုံး ၊ လေတိုက်ညွှန်းတိုင်းစနစ် ၊ အရှိန်တိုင်း စနစ် ၊ steering motors နဲ့Tianjic chip တပ်ဆင်ထားပြီး လမ်းပေါ်မှာ လူတစ်ယောက်နဲ့စမ်းသပ် မောင်းနှင်ခဲ့ပါတယ်။

Photo: SCMP

အလိုအလျောက်မောင်းနှင်နိုင်မယ့် စက်ဘီးရဲ့ ထူးခြားချက်က အတားအဆီးတွေကို ကွေ့ရှောင်တာ ၊ လမ်းမှာ ကွေ့တာကအစ သူ့အလိုအလျောက် အမှားအယွင်းကင်းကင်း လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ ဒီစက်ဘီးဟာ လူရဲ့ လှုပ်ရှားမှုကိုပါ ဖတ်ရှုပြီး လေ့လာနိုင်တာ ဖြစ်ပါတယ်။

စမ်းသပ်မှုမှာ အသံထိန်းချုပ်မှု စနစ်တွေ ၊ လမ်းကြောင်းခြေရာခံစနစ်တွေနဲ့လမ်းအခြေအနေအလိုက် ဆုံးဖြတ်မှုတွေကို သူ့အလိုအလျောက် လုပ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ အနာဂါတ်မှာ လူလို တွေးခေါ်နိုင်မယ့် စက်ပစ္စည်းတွေ တကယ်သုံးလာနိုင်ဖို့နီးစပ်လာပြီလို့ဆိုရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က