အသက် (၂၇)နှစ်အရွယ်သာ ရှိပါသေးတယ်။

အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်း ဂျက်ရော့ဝဲလ်ဟာ ဘလက်ဘန်းရိုဗာအသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ ဆန်းဒါးလန်းအသင်းနဲ့ ဇွန်လအတွင်းက စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ရော့ဝဲလ်ကို ဘလက်ဘန်းအသင်းနည်းပြ တိုနီမော်ဘရေးက ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။



Photo : Daily Mail

 

အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် (၃)ပွဲအထိ ကစားပေးခဲ့ဖူးတဲ့ ရော့ဝဲလ်ဟာ အင်္ဂလန်ရဲ့ အားကိုးရမယ့် ကစားသမားဖြစ်လာမယ်လို့ ထင်ကြေးပေးခံခဲ့ရသူ ဖြစ်ပါတယ်။ အဲဗာတန်အသင်းမှာ ကစားရင်း ထင်ရှားလာခဲ့တဲ့ ရော့ဝဲလ်ကို မန်ချက်စတာမြို့ခံ ကလပ်အသင်း နှစ်သင်းက အပြိုင်စိတ်ဝင်စားခဲ့ကြပြီး မန်စီးတီးအသင်းက လက်ဦးမှုရယူသွားနိုင်ခဲ့ပါတယ်။

ဖာဂူဆန်ရဲ့ ကျေးဇူးတွေကို မမေ့နိုင် ဖြစ်နေသေးတဲ့ ရော်နယ်ဒို 

 

မန်စီးတီးအသင်းဟာ ရော့ဝဲလ်ကို ပေါင် (၁၂)သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော့ဝဲလ်အနေနဲ့ (၂)ရာသီသာ မန်စီးတီးမှာ ကစားခဲ့ရပြီး စုစုပေါင်းအားဖြင့်  အမှတ်ပေးပွဲ (၁၆)ပွဲသာ ကစားခွင့်ရခဲ့ပြီး ပြိုင်ပွဲစုံ (၂၅)ပွဲအထိသာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆန်းဒါးလန်းအသင်းကို ထပ်မံပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ်မှာ (၃)နှစ် နဲ့ ချန်ပီယံရှစ်မှာ (၁)နှစ်ကစားပြီး အသင်းနဲ့ လမ်းခွဲခဲ့ပြီ ဖြစ်ပါတယ်။

Photo : Daily Mail

 

ရော့ဝဲလ်အနေနဲ့ ဆန်းဒါးလန်းမှာ ကစားခဲ့စဉ်က တစ်ပတ်လုပ်ခပေါင် (၇၃၀၀၀) အထိ ရရှိခဲ့ပြီး ဒီနှစ်ဘောလုံးရာသီအစမှာတော့ တစ်ပတ်လုပ်ခ ပေါင် (၄၄၀၀၀)အထိ လျှော့ယူခဲ့ဖို့ သဘောတူညီခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အသင်းနဲ့ အပြီးသတ်စာချုပ် သဘောတူညီမှုကို ဖျက်သိမ်းခဲ့ပြီး အသင်းလက်မဲ့ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

 

အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝအထိ တောက်ပခဲ့ဖူးတဲ့ ရော့ဝဲလ်ဟာ ဒဏ်ရာအနာတရတွေရဲ့ ဖိစီးမှုကို ခံစားခဲ့ရပြီး ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ မန်စီးတီးအသင်းက ထွက်ခွာခဲ့စဉ်မှာတော့ လူငယ်ကစားသမားတွေအနေနဲ့ မန်စီးတီးကို မပြောင်းရွှေ့ဖို့ ရော့ဝဲလ်က တိုက်တွန်းခဲ့ပြီး အသင်းကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

Photo : Daily Mail

ဘောလုံးလောကရဲ့ နိမ့်မြင့်တက်ကျ လောကဓံတွေကြားမှာ ရော့ဝဲလ်တစ်ယောက် ဂယက်ရိုက်ခဲ့ရပြီး အဆုံးသတ်မှာတော့ အသင်းလက်မဲ့ဖြစ်ရတဲ့ အခြေအနေကို ဆိုက်ရောက်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကာလတုန်းကတော့ ရော့ဝဲလ်ဟာ အသင်းဟောင်း အဲဗာတန်နဲ့အတူ ကြံ့ခိုင်မှုပြည့်ဝဖို့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး ဝက်ဖို့ဒ်မှာကစားဖို့ စစ်ဆေးမှုတွေ ခံယူခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က