app ကနေ ကားငှားနိုင်မှာပါ

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ Robotaxi လို့ ခေါ်တဲ့ အလိုအလျောက်မောင်းအငှားယာဉ်ဝန်ဆောင်မှု စတင်တော့မှာပါ။

နာမည်ကြီး တရုတ်အင်တာနက်ကုမ္ပဏီ Baidu နဲ့ Pony AI ကုမ္ပဏီတို့ဟာ ဘေဂျင်းမှာ Robotaxi Service လုပ်ဖို့ လိုင်စင်ရတဲ့ ပထမဆုံးကုမ္ပဏီတွေ ဖြစ်တယ်လို့ South China Morning Post သတင်းက ဖော်ပြပါတယ်။ ဈေးကွက်ထဲ ဖြန့်ချိနိုင်ဖို့ အောင်မြင်တဲ့ အစမ်းလေ့ကျင့်မှုကာလတွေ ဖြတ်ကျော်ပြီးတဲ့နောက် အခုလို ယာဉ်မောင်းမလိုတဲ့ အငှားကားဝန်ဆောင်မှုတွေ စတင်ဖို့ တရုတ်အာဏာပိုင်တွေက လိုင်စင်ချပေးလိုက်တာ ဖြစ်ပါတယ်။ 



Photo: Nikkei Asia


Baidu နဲ့ Pony AI ကုမ္ပဏီနှစ်ခုအတွက် Robotaxi လုပ်ငန်းလိုင်စင်ကို ဘေဂျင်းအဆင့်မြင့် မောင်းသူမဲ့ကားသရုပ်ပြဧရိယာက ချပေးလိုက်တာပါ။ Robotaxis တွေဟာ ပတ်ပတ်လည်စတုရန်း ၆၀ ကီလိုမီတာရှိတဲ့ မြို့တော်ရဲ့ သတ်မှတ်နေရာတွေမှာ ခရီးသည်တွေကို အခကြေးငွေနဲ့ ငှားရမ်းနိုင်မှာ ဖြစ်ပါတယ်။ Baidu ကတော့ ဝန်ဆောင်မှုကို အမြန်တိုးချဲ့ဖို့လည်း စီစဉ်ထားကြောင်း ကြေညာပါတယ်။ 

Robotaxi စီး ခရီးသည်တွေ ဘေးကင်းလုံခြုံဖို့ ဒါရိုက်ဘာခုံနေရာမှာ လုံခြုံရေးအရာရှိတစ်ဦးလည်း ထည့်ပေးသွားမယ်လို့ ဆိုပါတယ်။ Baidu ရဲ့ မောင်းသူမဲ့ကားတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက စမ်းသပ်ပြေးဆွဲနေတာ ဖြစ်ပါတယ်။ မောင်းသူမဲ့ကားအစီးရေ ၆၇ စင်းဟာ ဘေဂျင်းစီးပွားရေးနဲ့ နည်းပညာဖွံ့ဖြိုးရေးဇုန်ထဲက မှတ်တိုင် ၆၀၀ ကျော်မှာ ခရီးသည်အတင်/အချ လုပ်သွားမှာ ဖြစ်ပါတယ်။ 

ဒီဝန်ဆောင်မှုကို မနက် ၇ နာရီကနေ ည ၁၀ နာရီအထိ ငှားရမ်းနိုင်ပြီး Apollo Go app သုံးပြီး ကားငှားနိုင်မယ်လို့လည်း ဆိုပါတယ်။ လောလောဆယ်မှာတော့ ကုမ္ပဏီနှစ်ခုလုံးအနေနဲ့ Robotaxis ကားငှားခတွေ ကြေညာခြင်း မရှိ‌ပေမယ့် ပုံမှန်တက္ကစီဈေးပဲ ကျသင့်ဖို့ ခန့်မှန်းထားကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က