အလုပ်များတဲ့သူတွေရဲ့အချစ်ရေးအတွက် နည်းလမ်းကောင်းလေးတွေဖြစ်ပါတယ်။

Workaholic တို့အနေနဲ့ အမြဲတမ်း အလုပ်ချည်းပဲ ထိုင်လုပ်နေလို့မဖြစ်ဘဲ ဘဝရှေ့ခရီးအတွက် ချစ်ရတဲ့သူနဲ့ ချိန်းတွေ့ဖို့၊ ပျော်စရာအချိန်တွေကို ဖြတ်သန်းနိုင်ဖို့လည်း လိုအပ်ပါသေးတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း အလုပ်ကို အလွန်အကျွံစွဲလမ်းတာမျိုးကြောင့် ချစ်သူနဲ့ ချိန်းတွေ့ဖြစ်ရင်တောင် စိတ်ဖြောင့်ဖြောင့်နဲ့ ချိန်းမတွေးနိုင်ဘဲ ဖြစ်ရတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူနဲ့တွေ့ချိန်မှာတော့ သူ့အတွက် အချိန်ပြည့်ပေးထားသင့်ပြီး အလုပ်ကိုအဆင်ပြေအောင် လုပ်ခဲ့ဖို့ လိုအပ်တာပေါ့။ အဲ့ဒါကြောင့် အလုပ်အရမ်းရှုပ်တတ်တဲ့သူတွေအတွက် ချစ်သူကိုလည်း အချိန်ကောင်းကောင်းပေးနိုင်ဖို့ နည်းလမ်းတွေကို မျှဝေပေးလိုက်ရပါတယ်။



ချိန်းတွေ့နေချိန်မှာ သင့်ဖုန်းကို အသံပိတ်ထားပါ

ဘယ်လိုပဲအလုပ်ပြီးအောင်လုပ်ခဲ့ပါစေဦး၊ သင့်ချစ်သူနဲ့ ချိန်းတွေ့နေချိန်မှာတော့ ဖုန်းကနေ သေချာပေါက်ကို အလုပ်ကိစ္စဆက်သွယ်တာတွေရှိမှာပါ။ အဲ့ဒီအခါကျရင်တော့ နှစ်ယောက်စလုံးအတွက် အာရုံနောက်စရာဖြစ်လာနိုင်ပြီး သင့်အနေနဲ့လည်း အလုပ်ကိုပဲ အာရုံပြန်ရောက်သွားနိုင်ပါတယ်။ ဒါ့အပြင် ချစ်သူနဲ့တွေ့နေချိန်မှာ ဖုန်းကိုမကြာခဏ ဖွင့်ကြည့်တာမျိုးလည်း ရှောင်ကြဥ်သင့်ပါတယ်။ ဒါတွေက ရေရှည်ဆက်ဆံရေးအတွက် အရေးပါတဲ့အချက်တွေလည်းဖြစ်ပါတယ်။

Photo: Food and Dating

အလုပ်ပါးတဲ့ရက်တွေမှာ ချိန်းတွေ့ဖို့ စီစဥ်ပါ

အလုပ်သိပ်ရှုပ်တတ်ပါတယ်ဆိုတော့ အလုပ်လုံးဝနားတဲ့ရက်တော့ရှိမယ်မထင်ပါဘူး။ ဒီတော့ အတတ်နိုင်ဆုံး အလုပ်ပါးတဲ့ရက်မှာပဲ ချိန်းတွေ့ပြီး ကြိုတင်ပြင်ဆင်သင့်ပါတယ်။ အလုပ်များတဲ့ရက်တွေမှာ ချိန်းတွေ့တာက သင့်ကို စိတ်ဖိစီးမှုပိုမိုများပြားစေနိုင်ပြီး အလုပ်ပါးတဲ့ရက်တွေမှာ ချိန်းတွေ့တာက သင့်ရဲ့စိတ်ကို ပိုမိုပေါ့ပါးစေနိုင်တဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

အားလပ်ရက် သေချာပေါက်ယူပါ

အပေါ်မှာပြောခဲ့သလိုမျိုး အလုပ်တဖက်နဲ့ချိန်းတွေ့တာ၊ အလုပ်ပါးတဲ့ရက်ချိန်းတွေ့တာမျိုးတွေက သင့်ရဲ့ သမီးရည်းစားဆက်ဆံရေးကို ရေရှည်မှာ ဘယ်လိုမှအကျိုးမဖြစ်စေနိုင်ပါဘူး။ အားလပ်ရက်တွေယူပြီး ချစ်သူနဲ့အတူ သေချာလေး အချိန်ကုန်ဆုံးတာမျိုးက မဖြစ်မနေလုပ်သင့်တဲ့အရာပါ။

Photo: LoveBondings

ခရီးအတူတူထွက်ရင်း တယောက်အကြောင်းတယောက် ပိုမိုသိခွင့်ရတာ၊ မုန့်တွေအတူတူလုပ်စားတာ၊ ဝါသနာပါရာကို အတူတူလုပ်တာတွေက သင်တို့နှစ်ယောက်အကြား ဆက်ဆံရေးကို ပိုမိုခိုင်မြဲလာစေပါလိမ့်မယ်။ နောက်ပြီး ဒီလိုမျိုး သင့်ချစ်သူနဲ့ တရက်တန်သည်၊ နှစ်ရက်တန်သည် အနားယူလိုက်တာက သင့်ရဲ့လုပ်ငန်းခွင် စွမ်းဆောင်ရည်ကိုလည်း ပိုမိုတိုးတက်ကောင်းမွန်စေပါလိမ့်မယ်။

အလုပ်ချိန်အတွင်း ထိထိရောက်ရောက် အလုပ်လုပ်ပါ

အလုပ်များတယ်ဆိုတိုင်း ကောင်းတာတော့မဟုတ်ပါဘူး။ အချို့က သတ်မှတ်ထားတဲ့အလုပ်ချိန်အတွင်းမှာ အပြီးမသတ်နိုင်တာကြောင့် အချိန်ပိုတွေနဲ့အတူ အလုပ်များတယ်ဆိုပြီး ဖြစ်သွားတတ်ပါတယ်။ အဲဒါကြောင့် သင့်အနေနဲ့ သတ်မှတ်ထားတဲ့အလုပ်ချိန်အတွင်းမှာ ရာနှုန်းပြည့်အာရုံစိုက်ပြီး အလုပ်ကိုအပြီးသတ်လုပ်နိုင်မယ်ဆိုရင်တော့ သင့်ချစ်သူအတွက်ရော၊ သင့်ဘဝအတွက်ရော တန်ဖိုးရှိတဲ့ အချိန်ပိုလေးတွေ ရရှိမှာ အသေအချာပဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က