မာရှယ်လ်တယောက် တံကောက်ကြောဒဏ်ရာရရှိနေတာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်အတွက် အဓိကအားကိုးရမယ့် တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရတဲ့ မာရှယ်လ်ဟာ လာမယ့် တနင်္ဂနွေညမှာ ကစားမယ့် ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲကို ဒဏ်ရာပြဿနာကြောင့် လွဲချော်သွားမယ်လို့ သိရှိရပါတယ်။ မာရှယ်လ်ဟာ အသေးစား တံကောက်ကြော ဒဏ်ရာရရှိနေတာပါ။



ဒီဒဏ်ရာကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ကစားခဲ့တဲ့ အက်သလက်တီကိုနဲ့ ရာသီကြိုခြေစမ်းပွဲမှာ ရရှိခဲ့တာဖြစ်ပါတယ်။ မာရှယ်လ်ရဲ့ ဒဏ်ရာက အရမ်းမပြင်းထန်ပေမယ့် ဒီတပတ်ကစားမယ့်ပွဲစဥ်ကိုတော့ သေချာပေါက် လွဲချော်သွားမှာပါ။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်အနေနဲ့ ရော်နယ်ဒိုကို ပွဲထွက် အသုံးပြုရဖွယ်ရှိပါတယ်။

တန်ဟက်ခ်ကတော့  ရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှုပိုင်းအပေါ် အားမရကြောင်း ပွင့်ပွင့်လင်းလင်းပြောကြားထားပြီး မာရှယ်လ်သာ ကြံ့ခိုင်မှုပြည့်ဝနေရင် ရော်နယ်ဒိုကို သေချာပေါက် အရံခုံထိုင်ခိုင်းမှာပါ။ ဒါပေမယ့် လက်ရှိအနေအထားအရ လူအင်အားမတောင့်တင်းတဲ့ အနေအထားမျိုးမှာ ရော်နယ်ဒိုကိုသာ တန်ဟက်ခ်က အသုံးပြုရဖွယ်ရှိပါတယ်။

ရော်နယ်ဒိုဟာ ထိုင်းနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့က ရာသီကြိုခြေစမ်းပွဲအားလုံးကို လွဲချော်ခဲ့ပြီး နောက်ဆုံးကစားထားတဲ့ ဗယ်လက်ကာနိုနဲ့ ရာသီကြိုခြေစမ်းပွဲ ပထမပိုင်း (၄၅) မိနစ်သာ ပါဝင်ကစားထားတာဖြစ်ပါတယ်။ ရာသီကြိုခြေစမ်းပွဲတလျှောက်မှာ မာရှယ်လ်က ပထမဆုံး (၃) ပွဲဆက်တိုက် ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ဒီကစားသမားကို တန်ဟက်ခ်က အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုဖို့ ပြင်ဆင်ထားချိန်မှာ ဒဏ်ရာပြဿနာရှိနေခဲ့ပြီး အသင်းမှာ မပျော်မရွှင်ဖြစ်နေတဲ့ ရော်နယ်ဒိုကိုသာ ရာသီအဖွင့် ဘရိုက်တန်နဲ့ အိမ်ကွင်းအိုးထရက်ဖို့ဒ်ပွဲမှာ မြင်တွေ့ရဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က