မရမ်းကုန်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တာပါ။
အလုံမြို့နယ် ငုဝါလမ်းမှာ ဈေးကပြန်လာတဲ့ အမျိုးသမီးတစ်ယောက်ကို လည်ပင်းကိုဓါးနှင့်လှီးပြီး ဆွဲကြိုးလုယက်မှုကို ကျူးလွန်သူကိုဖမ်းဆီးရမိခဲ့ပြီလို့ အလုံမြို့မရဲစခန်းက သိရပါတယ်။

Photo - Yangon Police


အလုံမြို့နယ် စောရန်ပိုင်တောင်ရပ်ကွက် ငုဝါလမ်း တိုက်အမှတ် (၇၈) မှာ ဧပြီလ ၂၂ ရက်နေ့ မနက် ၇ နာရီလောက်က ဈေးကပြန်လာတဲ့ အမျိုးသမီးတဦးကို လည်ပင်းကိုဓါးနဲ့လှီးပြီး ရွှေဆွဲကြိုးကို လုယက်မှုဖြစ်ပွားခဲ့တာပါ။

ကျူးလွန်သူဟာ အဆိုပါ အသက် (၆၀) ကျော်အမျိုးသမီးနောက်ကလိုက်လာပြီး တိုက်အမှတ် (၇၈) ပထမထပ်အရောက်မှာ လည်ပင်းကိုဓါးနဲ့လှီးပြီး ဆွဲကြိုးလုယူသွားခဲ့တာဖြစ်ပါတယ်။ လည်းပင်းကိုဓါးဖြင့်လှှီးခံရတဲ့ အမျိုးသမီးကတော့ ခွဲစိတ်ခန်းဝင်အပြီး ဒဏ်ရာမှာ စိုးရိမ်ရသည့်အခြေအနေမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့သိရပါတယ်။

ပြစ်မှုကျူးလွန်သူဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နေ ဇေပိုင်ထွန်း(ခ) ဖိုးကဲ(ခ)ပိစိ (ခ)သြဇာထွန်း ဖြစ်ပြီး မရမ်းကုန်းမြို့နယ် အတွင်းကတည်းခိုခန်းတစ်ခုတွင် တည်းခိုနေကြောင်းစုံစမ်းသိရှိရတာကြောင့် ဧပြီလ ၂၆ ရက်နေ့ ညနေ ပိုင်းမှ ဖမ်းဆီးလိုက်ပါတယ်။ ဒါကြောင့် ဖမ်းဆီးရမိသူကို အလုံရဲစခန်းမှာ ဖမ်းဆီးထားပြီး ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ အလုံရဲစခန်းက တာဝန်ရှိသူက Duwun ကိုပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က