ဝန်ကြီးချုပ်ဟောင်းရဲ့ ဇနီးကို အမှန်တစ်ကယ် အလုပ်မလုပ်ရတဲ့ ရာထူးအတွက် ခန့်အပ်ခဲ့ပြီး လစာပေးထားခဲ့ပါတယ်။

ပြင်သစ်ဝန်ကြီးချုပ်ဟောင်း ဖရန်ဆွာဖီလွန်နဲ့ ၎င်းရဲ့ဇနီးတို့ကို အလုပ်အကိုင်အတုများ ဖန်တီးမှုဖြင့် ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရပါတယ်။

(ပြင်သစ်ဝန်ကြီးချုပ်ဟောင်း François Fillon) (Photo: Euro News)

ကွန်ဆာဗေးတစ် တစ်ဦးဖြစ်သူ ဖရန်ဆွာဖီလွန် (François Fillon) ကို ထောင်ဒဏ်ငါးနှစ် ချမှတ်လိုက်တာဖြစ်ပြီး သုံးနှစ်ကိုတော့ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်းရဲ့ ဇနီးဖြစ်သူ ပင်နီလုပ်ကက်သရင်းဖီလွန် (Penelope Kathryn Fillon) ကိုတော့ ဆိုင်းငံ့ ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့ နှစ်ဦးလုံးကို ထောင်ဒဏ်အပြင် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၄၃၂,၀၀၀ စီလည်း ချမှတ်ခဲ့ပါတယ်။



ပြစ်ဒဏ်ချမှတ်ခံရပြီး‌နောက် ဖီလွန်ကို အကျဥ်းထောင်သို့ ချက်ချင်းပို့ဆောင်ပြီး အကျဥ်းကျခံရခြင်း မရှိစေရန် ပြစ်ဒဏ်အ‌ပေါ် အယူခံဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဖီလွန်ဟာ ၎င်းရဲ့ဇနီးအတွက် အမှန်တစ်ကယ် အလုပ်မလုပ်ရတဲ့ ဟန်ပြ အလုပ်အကိုင်နေရာအတု ဖန်တီးပြီး အမေရိကန်ဒေါ်လာ ၉၃၇,၀၀၀ ကျော် လုပ်ခလစာအဖြစ် ပေးထားခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်းဟာ ထိုအရှုပ်တော်ပုံကြောင့် ၂၀၁၇ ခုနှစ်မှာ ပြင်သစ်သမ္မတဖြစ်ရန် အားထုတ်မှု ပျက်ပြားခဲ့ပါတယ်။

(François Fillon နှင့် ဇနီး Penelope) (Photo: Picture-Alliance)

"ဒီ ငွေပေးချေမှုက အလုပ်လုပ်တာအတွက် ပေးချေတာမျိုး မဟုတ်ပါဘူး၊ မစ္စတာဖီလွန်ရဲ့ ဇနီးဖြစ်သူကို အမှန်တစ်ကယ် အလုပ်မလုပ်ရတဲ့ ရာထူးနေရာအတွက် ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်" လို့ တရားသူကြီးက ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်းရဲ့ ဇနီးဟာ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားပြုပြီး ဖုံးကွယ်သိုဝှက်မှုမှာ ကြံရာပါအဖြစ် ပါဝင်ခဲ့ခြင်းအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ပြင်သစ်ဝန်ကြီးချုပ်ဟောင်း ဖီလွန်ဟာ နိုင်ငံရေးနယ်ပယ်မှာ ဆယ်စုနှစ်များကြာ ပါဝင်နေခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ၎င်းဟာ လွှတ်တော်အမတ်နဲ့ ဝန်ကြီးအဆင့်တွေမှာ ဆောင်ရွက်ခဲ့ဖူးပြီး ၂၀၀၇ နဲ့ ၂၀၁၂ ခုနှစ်ကြား သမ္မတ နီကိုလက်စ်ဆွာကိုဇီ (Nicolas Sarkozy) လက်ထက်မှာ ပြင်သစ်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

(ပြင်သစ်သမ္မ ဆွာကိုဇီနှင့် François Fillon) (Photo: Getty Images)

ဖီလွန်ဟာ ၂၀၁၇ ခုနှစ် ပြင်သစ်သမ္မတရွေးကောက်ပွဲမတိုင်မီ ဗဟိုလက်ယာဝါဒီ ရီပတ်ဘလစ်ကင်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း လူထုသဘောထား စစ်တမ်းအရ ၎င်းဟာ သမ္မတရွေးကောက်ပွဲမှာ လူကြိုက်အများဆုံး ဖြစ်နေခဲ့ပါတယ်။ သို့သော် ဇနီးဖြစ်သူကို အလုပ်အကိုင်နေရာအတု ဖန်တီးပေးခဲ့တဲ့ အရှုပ်အထွေး ထွက်ပေါ်လာခဲ့ပြီးနောက် ဖီလွန်ရဲ့ ပြင်သစ်သမ္မတဖြစ်ရေး ကြိုးပမ်းအားထုတ်မှု ပျက်ပြားသွားခဲ့ကြောင်း သိရပါတယ်။

Source: BBC, Euro News


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က