တချို့အဝတ်အစားတွေက အလုပ်နဲ့မသင့်တော်ဘူး။ တချို့ကျတော့ နေလို့ထိုင်လို့ မလွတ်လပ်ဘူး။

ရုံးသွား၊ ကုမ္ပဏီသွားရတဲ့သူတွေအဖို့ တစ်ရက်တစ်ရက် အဝတ်အစား ရွေးချယ်ရတာ ခေါင်းစားစရာပါပဲ။ အထူးသဖြင့် အလုပ်သွားတဲ့အခါ ကိုယ်ဝတ်ချင်တဲ့ အဝတ်အစားမျိုး ကောက်စွပ်သွားဖို့ကလည်း အဆင်မပြေပါဘူး။

ကိုယ့်အလုပ်မှာ ကိုယ့်ထက်ရာထူးကြီးတဲ့ အထက်အရာရှိတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ အလုပ်တွဲလုပ်ရတဲ့အခါ ဒါမှမဟုတ် အလုပ်နဲ့ပဲ အပြင်ထွက်ရတယ်၊ client တွေဘာတွေနဲ့ စကားပြောရတဲ့အခါ ကိုယ့်အဝတ်အစားက ကိုယ်ဟာဘယ်လိုလူဖြစ်တယ်ဆိုတာ အများကြီးဖော်ပြပေးနေတတ်တာကြောင့် အဝတ်အစား ရွေးချယ်တွဲစပ်တတ်ဖို့က အရေးကြီးပါတယ်။ အနည်းဆုံးတော့ အလုပ်သွားတဲ့အခါ မဝတ်သွားသင့်တဲ့ အဝတ်အစား၊ အသုံးအဆောင် စတာတွေကို သိနေမှသာ ခုနပြောတဲ့ အတွဲအစပ်ကိစ္စမှာ အဆင်ပြေပါလိမ့်မယ်။

ဒါ့ကြောင့် ကိုယ့်အလုပ်မှာ ပရော်ဖက်ရှင်နယ်ကျကျ နတတ်ဖို့ ဖက်ရှင်ကလည်း ကဏ္ဍတစ်ခုအနေနဲ့ အရေးကြီးတယ်ဆိုတာ သိထားရင်း ရုံးသွားတဲ့အခါ ဝတ်သွားဖို့မသင့်တော်တဲ့ အဝတ်အစားလေးတွေကို ပြောပြပေးလိုက်ပါတယ်။

(၁) ဘောင်းဘီဒုူးပြဲတွေ

ဂျင်းဘောင်းဘီအပြဲ Ripped Jeans တွေ ဘယ်လောက်ခေတ်စားပြီး ဝတ်ရတာသဘောကျနှစ်ခြိုက်နေပါစေ ရုံးလို company လို နေရာမျိုးကိုတော့ ဝတ်သွားဖို့ မသင့်တော်ပါဘူးနော်။ jeans ကိုတောင် တစ်ချို့အလုပ်တွေမှာ ဝတ်ခွင့်မပြုကြပါဘူး။ တကယ်လို့ ကိုယ့်အလုပ်က jeans တွေ ဝတ်ခွင့် ပေးတယ်ဆိုရင်တောင် ဒူးပြဲ ပေါင်ပြဲ ဒီဇိုင်းနဲ့တော့ မသွားလိုက်ပါနဲ့။ ဒါက အများအမြင်မှာရော ကိုယ့်အထက်အရာရှိ အမြင်မှာပါ အားလုံးကို မလေးစားဘူးဆိုတာကို အဝတ်အစားက ပြရာရောက်နေလို့ပါ။


(၂) အပေါ်အောက်တစ်ဆက်တည်း အဝတ်အစားတွေ

Romper တွေ နောက် jumpsuit အတိုလေး တွေကလည်း နေရာတိုင်းဝတ်လို့အဆင်မပြေပါ ဘူး။ အထူးသဖြင့် ရုံးလို company လိုနေရာမျိုး တွေကိုပေါ့။ အရှည်ဝတ်နိုင်ရရင်တောင် သူက အပေါ့သွားတဲ့အခါ နည်းနည်းအလုပ်ရှုပ်တဲ့ အဝတ်အစားမျိုးပါ။

(၃) ပါးလွန်းတဲ့အကျီအဝတ်အစားတွေ

အင်္ကျီအထဲကို ထွင်းဖောက်မြင်နေရတဲ့ ဇာခြင်ထောင်လို အစပါးပါးလေးတွေနဲ့ ချုပ်လုပ်ထားတဲ့ အကျီဒီဇိုင်းတွေကလည်း ရုံးထက်စာရင် ဖျော်ဖြေပွဲတို့ ပါတီတို့နဲ့သာ ပိုသင့်တော်ပါတယ်။ ကိုယ်က အောက်ကကြိုးတစ်ချောင်းခံဝတ်ပြီး ရုံးတက်ရင် တောင် ကြည့်ရတာ ဝတ်ထားတာနဲ့ သွားတဲ့နေရာ လွဲနေသလို ဖြစ်နေမှာပါ။

(၄) Overall အဝတ်အစားတွေ

ဂျင်း ဒါမှမဟုတ် တခြားအသားတွေနဲ့ ချုပ်ထားတဲ့ Overall လို အပေါ်အောက်တစ်ဆက်တည်းတွေ ဝတ်ရတာ သဘောကျတယ်ဆိုရင် ရုံးသွားရင်ဝတ်မယ့်အစား စနေ တနင်္ဂနွေ သူငယ်ချင်းတွေ ဆုံပြီး တစ်နေရာ သွား စားသောက်ကြတဲ့အခါမျိုးတွေမှာ ဝတ်လိုက်ပါ။

(၅) ပခုံးအလှပေါ်လွင်စေတဲ့ အကျီမျိူးတွေ

ပခုံးအကျ Off Shoulder တွေကလည်း အလုပ်လုပ်ရမယ့် ပျိုမေတွေနဲ့ အဆင်ပြေမယ့် အင်္ကျီမျိုးမဟုတ်ပါဘူး။ အထူးသဖြင့် ဒီလိုအကျီတွေက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ စိတ်အနှောင့် အယှက်ဖြစ်စေနိုင်ပါတယ်။'

(၆) ခါးတိုအလွတ် အကျီလေးတွေ

ခါးတို Crop Top အကျီတွေကလည်း ရုံးဝန်ထမ်းတွေနဲ့ အဆင်မပြေနိုင်ပါဘူးနော်။ အကျီစကို ဆွဲချလိုက်၊ အလုပ်ဆက်လုပ်လိုက်ဆိုရင် ကိုယ်တိုင်ပဲ နောက်ဆုံးစိတ်ရှုပ်ရပါလိမ့်မယ်။

(၇) တိုနန့်နန့်ဘောင်းဘီလေးတွေ

ဘောင်းဘီတွေထဲမှာဆို ဘောင်းဘီတိုကတော့ ရုံးနဲ့company တွေမှာ ဝတ်ဖို့ ဘယ်လိုမှမသင့်တော်ပါဘူး။

(၈) သားရေဖိနပ်အပါးတွေ

မိုးတွင်းမှာ ပျိုမေတွေ စီးနေကျ၊ ကမ်းခြေမှာ စီးနေကျ သားရေဖိနပ်အပါးလေးတွေက ပျိုမေတွေ အလွယ်တကူ ကောက်စွပ်ပြီး ထသွားထလာအတွက် အဆင်ပြေနိုင်ပေမယ့် ရုံးဝန်ထမ်းမဒီတွေနဲ့တော့ ကြညိ့ရတာ တစ်မျိုးကြီး ဖြစ်နေပါလိမိ့မယ်။

(၉) လည်ပင်းနဲ့နောက်ကျောအလှဖော်အကျီတွေ

 လည်ပင်းသိပ်ဟိုက်တဲ့ အကျီမျိုး၊ နောက်ကျော သိပ်ဟိုက်တဲ့ အကျီမျိုးတွေကလည်း ရုံးဝန်ထမ်းမဒီတွေ ရှောင်ရမယ့်အရာပါပဲ။

ကိုယ်က ဖက်ရှင်ကိုဘယ်လောက်ချစ်ချစ်၊ ဘယ်လောက်စတိုင်ကျအောင် နေတတ်ပါစေ၊ အဝတ်အစားကို နေရာဒေသ အချိန်အခါပေါ် မူတည်ပြီး ရွေးချယ်တတ်ဖို့က အရေးကြီးပါတယ်။ ဒီလို အဖက်ဖက်က စဉ်းစားပြီး တွဲစပ်ဝတ်ဆင်တတ်မှုဟာလည်း ပညာပဲမို့ ဘယ်နေရာသွားရင် ဘာဝတ်ရမယ်၊ မဝတ်ရဘူးဆိုတာလေးတွေ အခြေခံအားဖြင့် သိနေဖို့ လိုအပ်ပါတယ်။

မေသော်

(I am Fashion)

Share

Loading Next Article...
က္က