ပန်းရံအလုပ်ကို တက်တက်ကြွကြွ လုပ်နေကြတာပါနော်။

ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ ညီအစ်မနှစ်ယောက်က ကိုယ်တိုင်ပန်းရံအလုပ်လုပ်ရင်း အုတ်ချပ်တွေကို တညီတညာတည်းဖြစ်အောင် စီနေတာ တွေ့ရပါတယ်။ အလုပ်ပြောင်းရင်ကောင်းမလားလို့ စနောက်ခဲ့ကြပါသေးတယ်။

Photo: Chit Chit Zaw

သရုပ်ဆောင် ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ ညီအစ်မ နှစ်ယောက်ကတော့ တက်တက်ကြွကြွနဲ့ ပန်းရံအလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ အလုပ်ပြောင်းရင်ကောင်းမလားလို့လည်း စနောက်ပြောပြလာပါသေးတယ်။

‘’အလုပ်ပြောင်းကြရင် ကောင်းမလားလို့။ ခေါက်ဆွဲချက်သည်၊ ပန်းရံလုပ်သည်၊ အိမ်ဆေးသုတ်သည်၊ ထမင်းချက်သည်၊ ဟင်းချက်သည်၊ မုန့်အစုံလုပ်သည်၊ အသုတ်စုံသုတ်သည်။ ပြောကြည့်ကြပါ ။ ကြိုက်ရာမှ’’ မေလ ၃၀ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Chit Chit Zaw

ဘိလပ်မြေ၊ သဲ၊ ကျောက်၊ ရေ တို့ကို အချိုးကျကျရောစပ်ပြီး အုတ်ချပ်တွေကို ညီညီညာညာ စီထားတာ တွေ့ရပါတယ်။ အမြဲတမ်းပျော်ပျော်နေတတ်တဲ့ သူတို့ ညီအစ်မ နှစ်ယောက်ကိုတော့ ပရိသတ်များစွာတို့က Comment ကနေတဆင့် အချစ်ပိုနေခဲ့ကြတာ ဖြစ်ပါတယ်။

ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော် တို့ဟာ ပြည်သူချစ်မင်းသမီးချောလေးတွေ ဖြစ်ခဲ့ကြသူပါ။ သူတို့ မိသားစုကတော့ အနုပညာတွေ စုပေါင်းနေတဲ့ မိသားစုလေးဆိုရင်လည်း မမှားပါဘူး။ သူတို့ရဲ့ ဖခင်ဖြစ်သူကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဒါရိုက်တာ ဦးခင်ဇော်ပါ။ သူတို့ရဲ့ အစ်ကိုဖြစ်သူကတော့ ဒါရိုက်တာ မိုက်တီးဖြစ်ပါတယ်။



Photo: Chit Chit Zaw

လက်ရှိမှာတော့ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ဟာ ရွှေတောင်ခေါက်ဆွဲ လုပ်ငန်းကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးလည်း ရှိတာကြောင့် အနုပညာအလုပ်နဲ့ အဆက်အသွယ် မပြတ်သေးပါဘူး။ ချစ်ချစ်ဇော်ကတော့ ဇာတ်ကားတွေ ဆက်မရိုက်ဖြစ်တော့ပေမယ့် လင်းဇာနည်ဇော်ကတော့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။

Share

Loading Next Article...
က္က